24

7.5K 575 12
                                    

For Unicode

ဖဲသမား သုံးယောက် က ကိုယ့်အာရုံနဲ့ကိုယ် စိတ်၀င်တစားမို့ ဆူညံမည်ထင်ခဲ့သည့်အခန်းက တိတ်ဆိတ်လျှက် ရှိသည်။

ကျော်ရှိန်၀င်းထက်က ဒူးတစ်ဖက်ထောင်ကာ ထိုဒူးပေါ်တွင် လက်တင်လျှက် ဖဲချပ်ကို ပွတ်နေသည်မှာ ဟန်ပါပါ။

ဒိုင်ကိုင်ထားသည့် အူစီလုံးကတော့ မရှိသည့် မုတ်ဆိတ်ကို ပွတ်နေဟန်ဖြင့် စဉ်းစဉ်းစားစား ဘာတွေ တွေးနေသလဲ မသိ။

နေနောင့်မှာတော့ ကလေးတွေနှင့် အပျော်ဆော့ပေးနေရသည့်လူလို သက်သောင့်သက်သာ အပြုံးဖြင့် ဘေးက ဘီယာဗူးကို ခပ်အေးအေး မော့သောက်ရင်း အေးဆေးဖြစ်နေသည်။

တစ်ပွဲနှစ်ပွဲလောက်ဆော့ပြီး အထုံမပါလေသော ရှင်းယံက အူစီလုံးဘေးနားကပ်ကာ တည်ခင်းထားသော ဘီယာတံဆိပ်ပေါင်းစုံကို မြည်းစမ်းနေရင်း မှတစ်ပါး ဝိုင်းထဲတွင်မပါလေတော့ပဲ ထွက်ထားလေရာ အနည်းငယ်တော့ ပျင်းရိနေ၏။

" ဖမ်းမယ် ကျော်ရှိန်ချ "

သုံးချပ်ဆွဲထားသော ကျော်ရှိန်က မှင်သေသေ ဖြင့် ချလိုက်တော့ အူစီလုံးက လက်ခုပ်လက်ဝါးတီးရင်း ရယ်သည်။

" သုံးပေါက် နော်  ငါက ငါးပေါက် ။ စားမယ် "

" နေနောင့်က 7ပေါက်ဆိုတော့ လျော်မယ်နော် "

တစ်ဝိုင်းလုံးကို သူခြယ်လှယ်ပြီးနောက် အူစီလုံးက မောသွားဟန် သက်ပြင်းချရင်း ဖဲချပ်တွေကို ပြန်သိမ်းသည်။

" မဆော့တော့ဘူးလား "

" ပျင်းတာ သုံးယောက်ထဲကျ "

ကျော်ရှိန်ကလည်း သိပ်ပြီးတော့ စိတ်ပါဟန်မတူတော့၍ ထပ်မမေးတော့ပဲ သူ့ဝေစုဘီယာကို မော့ချသည်။

" ဖြည်းဖြည်းသောက်ပါ အခန်းမပြန်နိုင်ရင် ကိုယ်ထမ်းခေါ်နေရလိမ့်မယ် "

ကျော်ရှိန်က ဘာမှမပြောပဲ မခိုးမခန့်ရယ်ကာ ဆက်သောက်သည်။

" အဲ့ကောင်က ကြွက်တွင်းလေ သေအောင်သောက်နိုင်တာ "

လေးယောက်က အကြိုက်မတူ ၊ပြောစရာမတူ သဖြင့် စကားတွေလည်း တိတ်ဆိတ်နေကာ တစ်ချက်တစ်ချက် အူစီလုံးထထ ပြောသည့် မရယ်ရသည့်ဟာသတစ်ချို့သာ စကားဝိုင်းထဲ ၀င်၀င်လာ၏။

အူစီလုံးWhere stories live. Discover now