For Unicode
ကျောင်းရဲ့ မုန့်ဈေးပွဲတော် က ခါတိုင်းထက်ပင်ပို၍ စည်ကားသည်။ ညနေပိုင်း လုပ်မည့် ပွဲကြောင့် ထင်၏။
အူစီလုံးကတော့ ရေမှာလွှတ်တဲ့ လိပ်လို လူပင်လယ်ကြားမှာ ဘယ်ကိုမှာမှ ရှာမရ။
ရှင်းယံသည် နောက်ဆုံး တစ်ကောက်ကောက်လိုက်ဖို့ကို လက်လျှော့လိုက်ရပြီး သူတို့မေဂျာ နေရာယူထားသော မုန့်ရောင်းသည့်အဖွဲ့နောက်မှာပင် လိုတာများလုပ်ပေးရန် ထိုင်နေလိုက်သည်။သူ့ဘေးမှာတော့ ရေခဲတွေကို လိမ္မော်ရည်ခွက်ထဲ ထည့်ပေးနေသည် နေနောင့် ရှိကာ သူ့မျက်နှာမှာလည်း အီလည်လည်။
သတိထားကြည့်လိုက်မှ သူတို့မေဂျာနဲ့ ကပ်ရပ်မှာ အိုင်တီ က လူတွေရှိကာ သူတို့ရောင်းသည့်
Sandwich နှင့် ကော်ဖီ အေးက အတော်လေး လူကြိုက်များသည့် ပုံပေါ်၏။
ကူညီလုပ်ကိုင်နေသည့် လူတွေထဲ အိုင်တီက နေနောင့်ဖဲသမား ကင်းလေး ကတော့ ထင်းနေကာ ခါတိုင်းမြင်ရခဲတဲ့ အပြုံးချိုချို ကို ဆင်မြန်းလျှက် ဟိုဒီပြေးလွှားနေတာဖြစ်၏။" ရင်တွေပူနေရင် လိမ္မော်ရည်ကို ရေခဲများများလေးနဲ့ သောက်မလား "
ရေခဲပုံးပေါ် လက်တင်ကာ တစ်ဖက်မေဂျာကိုပဲ ငေးနေသည့် နေနောင့်ကို စလိုက်တော့ မဲ့ပြုံးပြုံးကာ လက်ခလယ် အသာထောင်ပြသည်။
" ငါတို့က ဘာမှလဲ မဖြစ်သေးသလို မေဂျာလဲ မတူလို့ထားပါတော့။ မင်းရည်းစား လေးရော"
ပြန်အဖဲ့ခံလိုက်ရတာကြောင့် ရုပ်တည်ကြီးနဲ့ စလိုက်မိတဲ့ ရှင်းယံသည်လဲ ငြိမ်ကျသွား၏။
တကယ်တော့ သူတို့နှစ်ယောက်လုံးဟာ အတူတူနဲ့အနူနူတွေချည်း။
.
.
.
မွန်းလွဲလောက်မှာပင် မုန့်ဈေးပွဲက သိမ်းဆည်းစပြုပြီး အလည်လွန် အူလုံးသည် အမောတကော ပြန်ရောက်လာပြီး ပိုနေသော လိမ္မော်ရည်ခွက်များကို ရေသောက်သကဲ့သို့ မနားတမ်းမော့သည်။ပြီးမှ" ငါ အကုန်ပတ်တိုးစားကြည့်ခဲ့တာ
ငါတို့မေဂျာ မကောင်းဆုံးပဲ သိလား"ဟု ချိုသာသော စကားများဖြင့် မေဂျာသူမေဂျာသားများ၏ ရင်၀ကို ဆောင့်ကန်ခြင်းအမှုကို ပြုတော့သည်။
![](https://img.wattpad.com/cover/369470001-288-k341758.jpg)