For Unicode
ဒီနေ့အတန်းထဲမှာ အူစီလုံးက ငြိမ်ငြိမ်လေး ေနရင်း မြတ်လင်းသူ ကို အကဲခတ်နေတယ်။
အစကတည်းက လူပုံဖြူဖြူချောချောလေးနဲ့ မြတ်လင်းသူ က သူ သဘောကျ တာ ဘာဆိုတာ မဖွင့်ပြောသော်လည်း ကွယ်ဝှက် ထားခြင်းမရှိ။
အသိုင်းအဝိုင်းတောင့်သူဖြစ်ကာ လူချစ် လူခင်လဲ များသည်။ မာမားဖန်တွေဆိုတာလဲ တစ်ပုံကြီးမို့ အတန်းရဲ့ မင်းသား လေး လို့ ပြောကြရတာလဲ ဆန်းတယ်ရယ်တော့ မဟုတ်ပါ။
ရှင်းယံကို သဘောကျနေတာလဲ ကောင်းတာပေမယ့် သူ့သူငယ်ချင်းက တကယ်ကို ဖြူဖြူစင်စင်လူရိုးလေး။
မြတ်လင်းသူကို ကြိုက်မိပြီးကာ မှ အသည်းကွဲရရင် ခက်ရပေရော့မည်။
အူစီလုံး၏အကဲခတ်နေသော အကြည့်တွေကို ရိပ်မိဟန် ဖြင့် မြတ်လင်းသူ က ရှေ့ခုံကနေ လှည့်ကြည့်ကာ ထူးဆန်းစွာပင် သူ့အနားရောက်လာသည်။
တစ်တန်းထဲသားချင်းမို့ သာမာန်မေးထူးခေါ်ပြောကလွဲ၍ သိပ်ရင်းနှီးတာတော့မဟုတ်သော်လည်း အူစီလုံးလဲ ဖော်ရွေစွာပင်ပြန်ပြုံးပြလိုက်သည်။
" အူစီလုံး မနေ့က ကိုရဝေရှင်းယံ နဲ့ တွေ့ဖြစ်လား "
တကယ်ဆို အူစီလုံးက တစ်နှစ်နောက်ကျ ထားသူမို့ မြတ်လင်းသူအနေနှင့်သာမက ဤအတန်းက အများစုအတွက် အစ်ကိုအူစီလုံးပဲ ဖြစ်သည်။
သို့သော် အကုန်လုံးကတော့ သူငယ်ချင်းတွေလိုပဲမို့ အရမ်းကြီးတော့ အခေါ်အဝေါ်ကို ဂရုမစိုက်ဖြစ်ကြတော့။
" အေး...ဘာဖြစ်လို့လဲ "
" သူ ငါ့အကြောင်းပြောသေးလား "
အူစီလုံး ပါးစုံ့လေးများမို့တတ်သွားအောင် ပြုံးရင်း ရယ်လိုက်တယ်။
ပြောတော့ပြောတယ် ဒါပေမယ့် သဘောမကျ ဘူးဆိုတဲ့ အကြောင်းပြောလို့ ဘယ်ဖြစ်မလဲ..ဒီအရွယ်ကလေးတွေရဲ့ စိတ်ကနုနုလေးတွေလေ။" အဲ့လိုတော့ မပြောဖြစ်ပါဘူး။ ခနပဲဆိုတော့ "
" ဟုတ်လား"
မြတ်လင်းသူရဲ့ မျက်နှာက ညိုးကျသွားတာ ချက်ချင်းကို တိမ်ဖုံးသွားတဲ့ နေမင်းလိုပဲ။
အူစီလုံး ချောင်းဟန့်ကာ စာအုပ်ကိုပဲ ဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်နေလိုက်တယ်။
သူမှ မနှစ်သိမ့်တတ်ပဲ...ဘာပြောပေးရမည်လဲ မသိ။
