3

1.9K 255 15
                                    

For Unicode

" ရှင်းယံ"

ညနေအတန်းဆင်းတော့ ကားနားလေး လာစောင့်ကာ မျက်နှာချိုလာသွေးနေတဲ့ အူစီလုံးကြောင့် သူ့စိတ်ထဲမှာ ပြေလျော့စ ပြုလာပြီ။

" ရော့ "

Oreoချောကလက်ကွတ်ကီး ထုတ်လေးကို ကမ်းပေးပြီး နဂိုမှေးကျဉ်းတဲ့ မျက်လုံးပေါက်‌လေးတွေ ပျောက်ဆုံးမတတ် ရယ်ပြနေတဲ့ အူစီလုံးက အမြဲတမ်းအတွက် သူ့ရဲ့ နှလုံးသားခုန်နှုန်းကို အရှိန်မြင့်နေစေတယ်။

"  နေ့လည်က ငါထမင်းကြော် လူကြုံနဲ့ပေးလိုက်တယ်နော်။ "

ရှင်းယံ ကားတံခါးကိုဖွင့်လိုက်ပြီး ကျောပိုးအိတ်ကို ပစ်ထည့်ကာ အူစီလုံးနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တယ်။

ငုံ့မိုးကြည့်နေရတာမို့ ကော့စင်းစင်းမျက်တောင်လေးတွေနဲ့ နှာတံလုံးလုံးလေး၏ အသရေက ပို၍ ပေါ်လွင်နေသည်မှာ ချစ်စဖွယ်။

သည်လိုချစ်စဖွယ် အသွင်အပြင်တွေနဲ့ ကောင်လေးက လုပ်သမျှက တစ်စက်လေးမှ ချစ်ဖို့ရာမကောင်း!

" သွားမယ်မဟုတ်လား  ဟမ် ဟမ် "

ခေါင်းကို သူ့လက်မောင်းအနီးတိုးဝှေ့ကာ ချွဲတတ်တဲ့ အူစီလုံးရဲ့ ပုံလေးက ကြောင်လေးတွေနဲ့ သိပ်တူတယ်။
ပြီးတော့ သူဒီလိုအကွက်ဟောင်းကို ထုတ်သုံးတိုင်း ရှင်းယံ အမြဲအလျော့ပေးတယ်ဆိုတာကိုလည်း လူလည်‌လေးက သိထားသည်လေ။

"  ဟိုမှာ ငါ့စကားနားထောင် "

" ဟင် အေးပေါ့ အေးပေါ့။ ငါဘယ်တုန်းက နားမထောင်ဘူးလို့လဲ "

သူလိုချင်တာ ရသွားတော့ အူလုံးက ကားပေါ် ပြေးတတ်ကာ ထိုင်သည်။

ရှင်းယံ ကားကို စမောင်းတော့ ဘေးကနေ လက်မတစ်ထောင်ထောင် ဖြင့်

" ငါ့သူငယ်ချင်းမို့ ပြောတာမဟုတ်ဘူး ။ ရှင်းယံ မင်းက တအားချောတာပဲ "

မြှောက်လုံးတွေ ရိုးနေပြီမို့ သူ့မှာ ထူးတောင် မထူးဆန်းတော့။
အူစီလုံး အကျင့်က အဲ့သည်လိုပဲ။ သူ့အလိုလိုက်ပေးရင် မြှောက်ပင့် ပြီး သူ့ကိုလွန်ဆန်ရင် မလွန်ဆန်နိုင်အောင် ချွဲတတ် ၊ဆိုးတတ် သည်။

အူစီလုံးWhere stories live. Discover now