Description

3.4K 102 4
                                    

#unicode

ခေတ်သစ်ကမ္ဘာမှ ကျင့်ကြံသူ ချူကျင်းဇီသည် ချစ်ခြင်းမေတ္တာရဲ့အတိဒုက္ခကို အတွေ့အကြုံယူရန် ကမ္ဘာမြေကိုဆင်းသက်လာစဉ် ရှေးခေတ် လယ်သူမလေးတစ်ဦး၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းဝင်ရောက်ရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရသည်။

ထိုမိန်းကလေး၏မိသားစုတွင် သူမအပါအဝင် ကလေးကိုးယောက်ရှိတာကြောင့် သူမဟာရွေးချယ်စရာမရှိပဲ မိသားစုအားထောက်ပံ့ရန် ဝန်ထုပ်ဝန်ပိုးအား ထမ်းရွက်ရတော့သည်။

သားရဲထိန်းကျောင်းခြင်းအစီအရင်ဖြင့် ကျားကို သူမရဲ့ကင်းစောင့်ဖြစ်စေ၏။ ဝက်ဝံနက်ကို အဓိကအင်အားဖြစ်စေ၏။ ဝံပုလွေအားကူညီသူဖြစ်စေပြီး မျောက်အား လမ်းညွှန်သူအဖြစ်လက်တွဲကာ အမဲလိုက်ခဲ့သည်။

ထို့နောက် ရေခဲအစီအရင်ကိုသုံးကာ လမ်းတွေပေါ်မှာ ရေခဲချောင်းရောင်းခဲ့သည်။

ဆေးပညာနယ်ပယ်အတွက် ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ ဆေးစစ်ပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဆေးလုံးဖော်ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် တော်ဝင်မင်းသားများနှင့် ရာထူးကြီးများအားဆွဲဆောင်မိကာ သူမအတွက်ပြိုင်ဆိုင်စေခဲ့ပြီး ဧကရာဇ်သည်ပင် သူမကို မြင့်မြတ်သောဘွဲ့ထူးတစ်ခုပေးအပ်ခဲ့သည်။

မသေမျိုးတစ်ယောက်ဖြစ်လာဖို့အတွက် သူမဟာ ခင်ပွန်းလောင်းကိုရှာရန်လမ်းစရှာရင်း မိသားစုအား အထောက်အပံ့ပေးခဲ့သည်။

ရွာထဲရှိအဆင်းရဲဆုံးမိသားစုဟာ သူတို့၏သမီးအားအိမ်ပြန်ခေါ်ခဲ့တာကြောင့် သူတို့ဘဝမှာ ပိုပိုပြီးခက်ခဲလာတော့မည်ဟု လူတိုင်းကထင်နေကြသည်။မထင်မှတ်ထားစွာပဲ အချိန်တိုအတွင်းမှာ ထိုမိသားစုဟာ အိမ်အသစ်များဆောက်ကာ မြေနေရာများဝယ်ယူခဲ့ကြ၏။

"........"

သူတို့က သမီးတစ်ယောက်ကို အိမ်ပြန်ခေါ်ခဲ့ကြတာမဟုတ်ဘူး၊သူမက ချမ်းသာခြင်းနတ်ဘုရားမပဲ!

တော်ဝင်မင်းသမီးလေးကို လက်ထပ်ဖို့တောင် ငြင်းခဲ့တဲ့ ကျန်းကောစစ်သူကြီးဟာ သူ့ရဲ့မွေးရပ်မြေကို ခဏတာအနားယူရန်  ပြန်သွားခဲ့ပြီး ရုတ်တရက် သူဟာ လယ်သူမလေးတစ်ယောက်ကိုလက်ထပ်ခဲ့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now