Chapter - 70 [ အဓိပ္ပာယ်မရှိသော ကောလဟာလများ ]

192 41 0
                                    

Chapter - 70 [ အဓိပ္ပာယ်မရှိသော ကောလဟာလများ ]

ရွှီယွန်ကောင်တီတွင်...

လမ်းဆုံတစ်ခု၌ ချူရွှယ်တိဟာ လမ်းသွားလမ်းလာများကို ရေခဲချောင်းတွေရောင်းနေသည်။

ချူကျင်းနင်းက ချူရွှယ်တိကို မြင်သောအခါ လျှောက်သွားလိုက်ပြီး နှုတ်ဆက်ခဲ့၏။

"ဦးလေးရွှယ်တိ စီးပွါးရေးကောင်းရဲ့လား"

"ငါရေခဲချောင်း တစ်ထောင့်ငါးရာကို တစ်ဝက်လောက်တောင်ရောင်းပြီးပြီ" ချူရွှယ်တိက ပျော်ရွှင်စွာပြောလိုက်လေသည်။

"ဦးလေးထွက်လာတာ နှစ်နာရီလောက်ပဲ ရှိသေးတယ်မလား"

"ဟုတ်ပါ့...နေ့တိုင်းလေးနာရီလောက် ရောင်းပြီးတာနဲ့ ဆိုင်ပိတ်ပြီး အိမ်ပြန်နေလို့ရပြီ"

"အခြားသူတွေရဲ့စီးပွါးရေးတွေကော အရမ်းကောင်းတာပဲလား"

ချူရွှယ်တိက နှစ်လမ်းအကျော်မှ တစ်ရွာတည်းသားတွေကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့ကိုကြည့်လိုက်"

ချူကျင်းနင်းလည်း လှမ်းကြည့်လိုက်သည်။

တစ်ဖက်ရှိ လမ်းဘေးဆိုင်လေးမှာ ကလေးများဖြင့် ဝိုင်းနေလေတယ်။ ဆိုင်လေး၏ဘေးတွင် အသက်သုံးနှစ်မှ ငါးနှစ်ထိ ကလေးများအတွက် ကိုယ်ပိုင်ကျောင်းတစ်ခုရှိသည်။ ကောင်တီရှိမိသားစုများဟာ ထိုကဲ့သို့ကြေးပြားအနည်းငယ်လောက်ကို မတတ်နိုင်ဘူးဆိုတာ မရှိကြပါ။ ကလေးတွေ ကျောင်းထဲကထွက်လာတဲ့အချိန်တိုင်းမှာ ရေခဲချောင်းကို ဝယ်စားကြလိမ့်မည်။ ထို့ကြောင့် စီးပွါးရေးကကောင်းမွန်လာပြီး ဆိုင်ရှင်သည် ချူကျင်းဇီထံမှ တစ်နေ့လျှင် ရေခဲချောင်းအခုနှစ်ထောင်မှာယူခဲ့၏။ ကလေးများကျောင်းဆင်းသွားချိန်တွင်လည်း ရေခဲချောင်းတွေက အချိန်တိုအတွင်းကို ရောင်းထွက်နိုင်ပါသေးသည်။

ချူရွှယ်တိက ဆိုင်နောက်တစ်ခုရှိတဲ့ ပိုဝေးတဲ့တစ်ဖက်ကို ထပ်ညွှန်ပြလိုက်သည်။

"ဟိုဘက်ကို ထပ်ကြည့်လိုက်ဦး"

ချူကျင်းနင်းသည်လည်း ထိုဦးတည်ရာဘက်သို့ ပြန်ကြည့်လိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora