Chapter - 68 [ အကြံအစည်လေးတစ်ခု ]

344 45 0
                                    

Chapter - 68 [ အကြံအစည်လေးတစ်ခု ]

မွန်းတည့်ချိန်တွင်...

ရေခဲချောင်းများကို ကုန်တင်ပြီးနောက် ဗိုလ်မှူးလေးက ထွက်ခွါရန်ပြင်ဆင်နေခဲ့သည်။ 

ချူကျင်းဇီက သူတို့ကို လိုက်ပို့ပေးလိုက်ပြီး ခြေနှစ်လှမ်းလောက်လှမ်းပြီးနောက်မှာ သူမကအစမ်းသဘောဖြင့် ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။

"အစ်ကိုရှု ကျွန်မတို့ သီးသန့်စကားပြောလို့ရမလား"

သူမဟာ ဗိုလ်မှူးလေး၏မျိုးရိုးနာမည် "ရှု"ဆိုတာကိုသာ သိရှိခဲ့ရပြီး နာမည်အပြည့်အစုံကိုတော့ မသိပါချေ။

ဗိုလ်မှူးလေးရှုက ချူကျင်းဇီ၏အိမ်ကို နေ့တိုင်းလာနေရတာဖြစ်လေတယ်။ ဤသို့ဖြင့် သူတို့ဟာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေနှင့်ပြီဖြစ်ပါသည်။

"ရတာပေါ့"

သူတို့နှစ်ယောက်သား အနည်းငယ်ဝေးဝေးကို လျှောက်သွားလိုက်ကြသည်။ သူတို့နှစ်ယောက်ပဲကြားနိုင်တဲ့ အနေအထားရောက်သည်ကို အတည်ပြုပြီးမှသာရပ်တန့်လိုက်ပြီး ချူကျင်းဇီက တည်ငြိမ်စွာပြောလိုက်သည်။ "အစ်ကိုရှု တစ်ကယ်တော့ အရမ်းအရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး ကျွန်မလူတစ်ယောက် အကြောင်းကို မေးကြည့်ချင်လို့ပါ"

လီရှန်းဖန်းက စစ်ထဲသို့ ဝင်ခဲ့တာကြောင့် စစ်တပ်တွင်းမှ တစ်စုံတစ်ယောက်ကို မေးမြန်းခြင်းက သဘာဝကျကျ အသင့်တော်ဆုံးပေ။

ဗိုလ်မှူးလေးရှုက သိချင်သွားပေမယ့် သတိထားပြီးမေးလိုက်သည်။ "ဘယ်သူ့အကြောင်းကိုမေးချင်တာလဲ ဒါပေမယ့် အရင်ဆုံးရှင်းအောင်ပြောထားပါရစေ မင်းစစ်တပ်ထဲကအကြောင်းအရာတွေကို လက်လွတ်စပယ်မမေးသင့်ဘူးနော် မဟုတ်ရင် ငါတို့ရဲ့ခေါင်းတွေကို ဆုံးရှုံးလိုက်ရလိမ့်မယ်"

ထိုသို့ကြားလိုက်ရ၍ ချူကျင်းဇီက လေးနက်ချင်ယောင်ဆောင်လိုက်သည် "ကျွန်မမေးချင်တဲ့သူက လီရှန်းဖန်းလို့ခေါ်ပါတယ် သူကအကောင်ကြီးကြီးထဲကတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား"

ဗိုလ်မှူးလေးရှုက ချူကျင်းဇီကို အကဲခတ်လိုက်ပြီး တစ်ခုခုကို နားလည်သွားပုံရလေသည်။ သူက ချူကျင်းဇီဟာ လီရှန်းဖန်းကိုကြိုက်နေတယ်လို့ ထင်လိုက်၏။ "အိုး မင်းကသူ့အကြောင်းကိုမေးတာလား သူကလက်ထပ်ပြီးသွားပြီလေ မင်းကအရမ်းတော်တဲ့ မိန်းကလေးတစ်ယောက်ပါ...သူ့ကိုသဘောမကျသင့်ဘူး"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Opowieści tętniące życiem. Odkryj je teraz