Chapter - 69 [ လက်စားချေခြင်း ]
ကျန်းဂူရှန်းက လီချင်းယူကို သူမဘေးသို့ခေါ်ကာ ပျော်ရွှင်နေသော အမူအရာနှင့် ပြောလိုက်သည်။ နောက်ဆုံးတော့ သူမသမီးနဲ့ သမက်က ကောင်းစားနေပြီလေ။ "ချင်းယူ အမေပြန်တော့မယ်နော်"
လီချင်းယူက သူမရဲ့အမေကို ထပ်နေရန် တိုက်တွန်းလိုက်တယ်။
"အမေမပြန်ခင် နှစ်ညလောက် အိပ်သွားပါဦးလားဟင်"
"အမေ သမီးတို့အိမ်ဆောက်ပြီးသွားရင် ပြန်လာခဲ့ပါ့မယ်ကွယ်"
လီချင်းယူက သူမတို့မိသားစုရဲ့ လက်ရှိအိမ်အခြေအနေကို စဉ်းစားလိုက်သည်။ အမေထပ်သာနေခဲ့ရင် ချူရုံတစ်ယောက် သိုလှောင်ခန်းထဲမှာ အိပ်ရလိမ့်မယ်။ "ကောင်းပါပြီ အမေ အဲဒီအချိန်ကျရင် ပြန်လာပြီး ရက်အနည်းငယ်လောက်နေရမယ်နော်"
"ကောင်းပြီ" ကျန်းဂူရှန်းဟာ ခနတုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေတယ်။ "ချင်းယူ သမီးတို့မိသားစုက အခုဆိုရင် လူတွေအများကြီး ငှါးရမ်းထားတယ်ဆိုတော့ သမီးအကိုတွေနဲ့ ယောင်းမတွေကို ကူညီခိုင်းမယ်ဆိုရင်ကော ဘယ်လိုလဲ"
ထိုသို့ကြားလိုက်ရတာကြောင့် လီချင်းယူမှာ မအံ့ဩမိပါချေ။ သူမအမေက သမီးအပေါ်မှာချစ်ပါသည်။ ဆက်ပြောရမယ်ဆိုရင်တော့ သားတွေကို ပို၍ပင်ချစ်မြတ်နိုးသေးသည်။
"အမေ အဲတာကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ချက်မချလို့မရဘူး..."
သူမ ဆုံးဖြတ်ချက် မချချင်တာမဟုတ်သလို သူမရဲ့အစ်ကိုနှစ်ယောက်ကို ဂရုမစိုက်ပေးချင်တာလည်း မဟုတ်ရပါဘူး။ သူမရဲ့ကိုယ်ပိုင်မိသားစုက သူမရဲ့မွေးမိသားစုထက် နှလုံးသားထဲတွင် ပိုအရေးကြီးနေရုံသာ။ သူမက သူမမိသားစုရဲ့ ခံစားချက်ကို ထည့်စဉ်းစားဖို့ လိုအပ်ပါသည်။
ကျန်းဂူရှန်းက ထိုကိစ္စကိုစဉ်းစားလိုက်ပြီး သူမသမီးကို မေးရန်မှာ မသင့်တော်ဘူးဟု ခံစားလိုက်ရသည်။ သူမရဲ့ သမက်က မလိုလားရင် ဘယ်လိုလုပ်မလဲ။
သူမက လီချင်းယူ၏လက်လေးကို ပုတ်ပေးလိုက်သည်။ သူမရဲ့သားတွေကို အလုပ်ရှာပေးဖို့ ကူညီပေးချင်ပေမယ့် သူမရဲ့ သမီးနဲ့သမက်တို့နှင့် ဆက်ဆံရေးကိုလည်း မထိခိုက်စေချင်ပါပေ။ "အမေ ချူရုံနဲ့ပြောလိုက်ပါ့မယ်"
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance