Chapter - 71 [ လူမိုက်များအား အပြစ်ပေးခြင်း]
ချူကျင်းဇီတစ်ယောက် ထပ်စဉ်းစားလိုက်သည်။ ထိုကောလဟာလတွင် လူမိုက်နှစ်ဦးပါဝင်လေ၏။ နာမည်မဖော်ပြထားတဲ့ စစ်သူကြီးရယ် အမည်ဖော်ပြထားခံရသော မိန်းကလေးတစ်ယောက်ရယ်။
ဆိုတော့ အဲဒီကောလဟာလတွေက သူမကိုပစ်မှတ်ထားတာပေါ့လေ။
ဤကောလဟာလ ပျံ့သွားသည်နှင့် သူမအတွက် ရလဒ်နှစ်ခုရှိလာပေလိမ့်မည်။ တစ်ခုက သီလရှင်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့......သေခြင်းတရားပဲ။
ဤအချိန်သည် ရှေးခေတ်ကာလ ဖြစ်သည့်အလျှောက် ဂုဏ်သိက္ခာဟာ အရာအားလုံးထက်ပို၍ အရေးကြီးပါသည်။ အထူးသဖြင့် မိန်းကလေးတွေ အတွက်ပေါ့။ သူမတို့ရဲ့ဂုဏ်သိက္ခာသာ ပျက်စီးသွားခဲ့ရင် ဆင်းရဲဒုက္ခခံစားရမှာတင်မဟုတ်ဘူး သူတို့ရဲ့မိသားစုတွေကိုပါ အရှက်ရစေလိမ့်မယ်။ အကျိုးဆက်တွေက တွေးတောင်မကြည့်နိုင်ပါပေ။
အနာဂတ်မှာ သူတို့နာမည်ကို ပြန်လည်သန့်စင်နိုင်ခဲ့ရင်တောင် အသုံးမဝင်သာဖြစ်ပါလိမ့်မည်။
ဘယ်သူက အဲဒီလောက် ကောက်ကျစ်ရတာလဲ။
ချူကျင်းဇီက ချူကျင်းနင်းနှင့် ချူကျင်းရွှမ်တို့ကို တိုးတိုးလေးမေးလိုက်သည်။
"အစ်မတို့ သူတို့သုံးယောက်ပြောတာကို အဲတာပဲ ကြားခဲ့ရတာလား"
"ဟုတ်တယ် ငါတခြားဘာမှကြားခဲ့ရဘူး"
"ကျွန်မတို့မိသားစုဝင်တွေကို ဒီအကြောင်းမပြောပါနဲ့ဦး ကျွန်မအရင်သွားကြည့်ဦးမယ်" ချူကျင်းဇီက လက်ကိုင်ပုဝါကိုယူပြီး သူမလက်ကိုသုတ်လိုက်လေသည်။
ချူကျင်းနင်းက ချူကျင်းဇီကိုဆွဲထားပြီး စိုးရိမ်တကြီးပြောလိုက်သည်။ "ညီမလေး အဲတာ ချူလိုင်ပီနဲ့ ချူပေပေတို့ပဲ သူတို့ကရွာထဲက နာမည်ကြီးလူမိုက်တွေလေ တစ်ယောက်တည်းသွားရင် အနိုင်ကျင့်ခံရလိမ့်မယ်"
ချူကျင်းဇီက သူမကို မျက်လုံးမှိတ်ပြလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မသိုင်းပညာတတ်ပါတယ်"
ချူကျင်းနင်းနှင့် ချူကျင်းရွှမ်တို့မှာ မယုံကြည်နိုင်သောကြောင့် ပါးစပ်များပင်အနည်းငယ် ပွင့်ဟနေသည်။
ESTÁS LEYENDO
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasíaI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance