Chapter - 62 [အုတ်မြစ်ချ ပူဇော်ခြင်း]

297 42 0
                                    

Chapter - 62 [အုတ်မြစ်ချ ပူဇော်ခြင်း]

"ဒုတိယအစ်မ ပဥ္စမအစ်မ" ချူရှုယွမ်နှင့် ချူရှုယောင်တို့ ကျောင်းမှပြန်ရောက်လာခဲ့ကြသည်။ ကလေးနှစ်ယောက်က ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အရမ်းတက်ကြွနေပေသည်။

ချူကျင်းယွဲ့က သူမရဲ့မောင်ငယ်လေး နှစ်ယောက်ကို ရင်နာစွာကြည့်လိုက်ပြီး "မင်းတို့မျက်နှာတွေ နေဒဏ်ကြောင့် နီရဲနေပါရောလား မြန်မြန်မျက်နှာသွားသစ်ချည် အစ်မ မင်းတို့အတွက် ရေယူလာပေးမယ်"

"ကျေးဇူးပါ ဒုတိယအစ်မ" ကလေးနှစ်ယောက်က ပြုံးကာ ပြန်ပြောလိုက်သည်။

ချူကျင်းဇီက ကလေးနှစ်ယောက်ကို လက်ပြလိုက်ပြီး "သိုလှောင်ရုံမှာ အနားယူဖို့သွားရအောင်" ချူကျင်းဇီက သိုလှောင်ရုံထဲတွင် အစီအရင်သုံးထားတာကြောင့် အေးမြနေပါတယ်။

"ကောင်းပါပြီဗျ"

ရွာသားတွေက အလုပ်ဆင်းကာ အိမ်ပြန်သွားကြပြီမလို့ သိုလှောင်ရုံတွင် လူများရှိမနေပါ။ သူတို့သုံးယောက်မှာ သိုလှောင်ရုံသို့ရောက်သည်နှင့် ခွေးခြေခုံလေးပေါ်မှာထိုင်လိုက်ကြသည်။

"မင်းတို့ ဒီနေ့ကျောင်းမှာ ဘယ်လိုလဲ ဆရာတွေကရော ဘာတွေသင်ပေးလိုက်လဲ အတန်းဖော်တွေဆီက အနိုင်ကျင့်ခံရသေးလား"

သူမမေးခွန်းများဆုံးသည်နှင့် အခြားမိသားစုဝင်တွေလည်းရောက်လာပြီး စိုးရိမ်စိတ်များနှင့် သူတို့သုံးယောက်ကို ဝန်းရံလိုက်သည်။

"ရှုယွမ် ရှုယောင် အမေတို့ကိုပြောပါဦး ကျောင်းမှာအဆင်ပြေလား"

ချူရှုယွမ်က ပို၍ဖော်ဖော်ရွေရွေရှိပြီး တစ်သီးတစ်သန့်နေတတ်သော ချူရှုယောင်နှင့် မတူပါချေ။

"အတန်းAမှာ လူအယောက်သုံးဆယ်ရှိပါတယ် သူတို့တွေအကုန်လုံးက ပေါင်းသင်းရလွယ်ကူတယ် ဆရာကလည်း အရမ်းတော်တယ် သူကကျွန်တော်တို့ကို ပဥ္စမအစ်မသင်ပေးခဲ့တဲ့ ကဗျာတွေကို ပြန်ရွတ်ဖတ်ခိုင်းပြီး အစ်မဆီကများများသင်ယူထားဖို့လည်း ညွှန်ကြားခဲ့တယ်ဗျ"

ချူရှုယောင်က ချူရှုယွမ်ကိုကြည့်ကာ ထပ်ပေါင်းပြောလိုက်သည်။ "ကျွန်တော်တို့ကလွဲရင် အတန်းAက ကျောင်းသားအားလုံး ကောင်းတီမြို့တွေကကြီးပဲ သူတို့က အသက်၇နှစ်နဲ့ ၉နှစ်ကြားအရွယ်မှာရှိကြတယ်လေ ဆရာက ကျွန်တော်တို့ကို ဂန္တဝင်အက္ခရာသုံးလုံး၊ မိသားစုနာမည်တစ်ရာနဲ့ အက္ခရာတို့ကိုသင်ပေးလိုက်တယ်...အိုး...ရိုးရှင်းတဲ့ဂဏန်းသင်္ချာကောပဲ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now