Chapter - 1 [တစ်ကယ်ကို ပြည့်ကျပ်နေတာပဲ]

1.5K 105 0
                                    

Chapter - 1 [တစ်ကယ်ကို ပြည့်ကျပ်နေတာပဲ]

#unicode

နေမင်းကြီးသည် မြေပြင်ကို မီးဖိုကဲ့သို့တောက်လောင်နေစေပြီး အပူလှိုင်းများသည်လည်း နေရာတိုင်းတွင် မြင့်တက်နေခဲ့သည်။

လမ်းနှစ်ဖက်မှာရှိတဲ့ မြက်ပင်တွေကလည်း အိပ်ပျော်နေပုံရကာ သူတို့ရဲ့ကိုယ်တွေကိုကိုင်းပြီး စိတ်ပျက်နေသည်နှင့်တူသည်။ပုစဉ်းရင်ကွဲကောင်တွေရဲ့ အဆက်မပြတ်ဆူညံသံက လူတွေကို ပိုပြီးတော့တောင်စိတ်ပျက်စေသည်။

ချူကျင်းဇီက သူမရဲ့ချွေးတွေကိုသုတ်လိုက်ပြီး နေပူထဲမှာ ပျော်ကျတော့မယောင်ခံစားနေရသည်။ သူမဟာ မြည်းလှည်းပေါ်တွင်ထိုင်နေပြီး ကောက်ရိုးဦးထုပ်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားဟာ သူမအား ချူရွာဆီသို့ ခေါ်ဆောင်သွားပေးခဲ့သည်။

"အဖေ....ခဏလောက်ရပ်ပေးပါဦး၊ ကျွန်မရေသောက်ချင်လို့ပါ" သူမရဲ့လည်ချောင်းဟာ ခန်းခြောက်နေပြီး ထပ်မတောင့်ခံနိုင်တော့ပေ။ အဝေးက ရေတွင်းကိုမြင်တဲ့အချိန်မှာ သူမရဲ့အဖေကိုအော်ကာ အမြန်ရပ်ခိုင်းလိုက်သည်။

"ကောင်းပြီ" ချူရုံကသူရဲ့မြည်းလှည်းကို သစ်ပင်ရိပ်အောက်မှာ သွားရပ်လိုက်ပြီး "ကျင်းဇီ....ခဏစောင့်၊ အဖေ အခုပဲရေသွားယူပေးမယ်"

အဲဒီလိုနဲ့ သူဟာရေပုံးတစ်ပုံးနှင့် အင်တုံတစ်ခုကို ထမ်းပြီး ရေတွင်းဆီသို့ လျှောက်သွားခဲ့သည်။

ချူကျင်းဇီကလည်း မြည်းလှည်းပေါ်မှဆင်းကာ သူမအဖေနောက်လိုက်သွားခဲ့သည်။ သူမဟာခဏတောင်မစောင့်နိုင်တော့ပေ။

ချူရုံဟာ ရေတွင်းထဲမှရေကိုအမြန်ဆွဲတင်လိုက်သည်။ သူဟာတစ်ငုံတောင်မသောက်ပဲ ချူကျင်းဇီထံအရင်ကမ်းပေးလိုက်ကာ "မြန်မြန်သောက်လိုက်!" ထို့နောက်သူဟာ ကျန်ရှိနေတဲ့ရေကို မြည်းရှေ့သို့ချပေးလိုက်ပြီး "သောက်ပါ....မင်းလည်းရေဆာနေမှာပဲ"

မြည်းလေးက ရပ်စောင့်မနေတော့ပဲ ချက်ချင်းပင်သောက်လိုက်သည်။

ချူကျင်းဇီက ကုန်းပေါ်မှာသောင်တင်နေတဲ့ငါးလိုဖြစ်နေပြီး ရေသောက်ပြီးတဲ့နောက်မှာ ပြန်ပြီးအသက်ပြန်ရှင်လာသလိုခံစားလိုက်ရသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now