Chapter - 3 [ငါကအရမ်းပျင်းလို့]

941 99 0
                                    

Chapter - 3 [ငါကအရမ်းပျင်းလို့]

#unicode

ဆားအနည်းငယ်၊ ငရုတ်ပွနဲ့ ငရုတ်သီးတို့ကိုလည်းတွေ့လိုက်သည်။

ဒီမိသားစုရဲ့ အခြေအနေကတော်တော်လေးကိုကြမ်းတမ်းတာပဲ။

ချူကျင်းဇီက သူမကောင်းကင်ဘုံကနေ ငရဲကိုကျသွားတယ်လို့ ခံစားလိုက်ရတယ်။

သူမကခဏလောက်တွေးလိုက်ပြီး တံခါးဆီသို့လျှောက်သွားကာ အပြင်ဘက်ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။

ရွာကို အဆုံးမရှိတဲ့တောင်တန်းတွေနဲ့ဝန်းရံထားပြီး နေဝင်ချိန်ရဲ့ အလင်းရောင်အောက်မှာ တောင်တန်းကြီးက ရွှေရောင်ခြယ်ထားသကဲ့သို့ဖြစ်ကာ ပန်းချီကားတစ်ချပ်အလားမှတ်ထင်ရသည်။

တောင်နားမှာနေတဲ့သူတွေက တောင်ကိုမှီခိုရပြီး ပင်လယ်နားမှာနေတဲ့သူတွေကပင်လယ်ကိုမှီကိုရတယ်ဆိုတဲ့ ဆိုရိုးတောင်ရှိသေးသည်။ တောင်ပေါ်မှာ စားစရာတစ်ခုခုတော့ရှိမှာပဲ ဘာလို့တစ်ချက်လောက်သွားမကြည့်ရမှာလဲ။

ထိုသို့တွေးရင်းဖြင့် သူမဟာ တောင်ဆီကို ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ ဝင်ရောက်သွားလိုက်တော့သည်။

သူမတောင်ခြေရင်းသို့ရောက်သောအခါ လူတစ်ယောက်သည် တောထဲမှထွက်လာတာကိုတွေ့လိုက်ရသည်။

ထိုလူက သူမထက်အရပ်ခေါင်းတစ်လုံးခန့်ပိုရှည်ပြီး သူ့ရဲ့မျက်လုံးတွေက မှင်ရည်ကဲ့သို့နက်မှောင်နေကာ စူးရှတောက်ပနေသည်။သူ့ရဲ့ပါးလွှာသော နှုတ်ခမ်းများအား တင်းတင်းစေ့ထားပြီး အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ကိုယ်လုံးကိုယ်ပေါက်ကတောင့်ဖြောင့်သည့်အပြင် သူ့ဆီမှ ဖော်မပြနိုင်တဲ့အော်ရာများလည်းထွက်နေသည်။

ချူကျင်းဇီ၏မသိစိတ်ကပြောနေသည် ဒီလူကမရိုးရှင်းဘူးပဲ။

တစ်ဖက်မှ ထန်ကျင်းဟုန်သည်လည်း ချူကျင်းဇီကိုလေ့လာနေခဲ့သည်။ ဒီကောင်မလေးက အရပ်ရှည်ပြီး ပိန်ပါးသည်။သူမက ဆံပင်ကိုအမြင့်စည်းထားကာ အစိမ်းဖျော့ရောင်ဂါဝန်လေးကိုဝတ်ဆင်ထားသည်။ သူမကတက်ကြွနေပြီး အထူးသဖြင့် သူမရဲ့မျက်လုံးတွေကတောက်ပနေပြီး အတော်ကြည့်ကောင်းလေသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now