Chapter - 5 [ကင်းစောင့်သားရဲ]

927 108 2
                                    

Chapter - 5 [ကင်းစောင့်သားရဲ]

#unicode

ချူကျင်းဇီက အိမ့်ရှေ့ကိုထွက်လာပြီး တံခါးနားမှာထိုင်ကာ မေးလေးထောက်ရင်း လရောင်အောက်မှာ ကုတင်ပြုလုပ်နေကြတဲ့ သူမအဘိုးနဲ့ အဖေကိုကြည့်နေခဲ့သည်။ဗိုက်ပြည့်အောင်တောင်မစားနိုင်ပဲ ဘာလို့ဒီလောက်တောင်အလုပ်ကြိုးစားနေကြတာလဲ..

ချူပါးနဲ့ ချူကျိုးက သူမထံသို့လာကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။

"ပဥ္စမအစ်မ ဘာတွေစဉ်းစားနေတာလဲ"

ချူကျင်းဇီကသက်ပြင်းချလိုက်သည်။ သူမကဒီကမ္ဘာကို ချစ်ခြင်းမေတ္တာအခက်အခဲ အတိဒုက္ခကိုကျော်ဖြတ်ဖို့ရောက်လာတာ ဒီငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကိုဖြတ်ကျော်ဖို့အတွက်မဟုတ်ဘူး။ သူမရဲ့ထိုဘဝကြီးက သူမကိုမပျင်းနိုင်၊ မပျော်ရွှင်နိုင်အောင်လုပ်နေတယ်လေ..... "ငါတို့တွေ ဗိုက်မဆာတော့အောင် ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတာ"

ချူကျိုးက မျှော်လင့်ချက်များနှင့်  "အစ်မ နည်းလမ်းတစ်ခုရှာတွေ့ပြီးလားဟင်"

" ငါအခုစဉ်းစားနေတာ"

ချူပါးက သူမကိုနှစ်သိမ့်ပေးလိုက်သည် "ပဥ္စမအစ်မ စိတ်မပူပါနဲ့.....ညီမလေးအစ်မကို ညီမလေးရဲ့ဝေစုပေးမယ်နော် ကျွန်မတို့ကကငယ်သေးတယ်...နည်းနည်းပဲစားရလည်းအဆင်ပြေပါတယ်.."

ချူကျိုးကလည်း အမြန်ပြောလိုက်သည် "ကျွန်တော်ရောပဲ.....အစ်မကြီး ကျွန်တော်လဲနည်းနည်းပေးနိုင်ပါတယ်"

ချူကျင်းဇီက ထိုနောက်လိုက်လေးနှစ်ကောင်ကြောင့် စိတ်လှုပ်ရှားသွားသည်။ သူက သူတို့ရဲ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး "အစ်မ နည်းလမ်းတစ်ခုစဉ်းစားလိုက်ဦးမယ်....မင်းတို့ရဲ့ဝေစုကိုပေးစရာမလိုပါဘူး"

ချူအာ့က သူတို့သုံးယောက်စီကို လျှောက်လာပြီး "ပဥ္စမညီမလေး ရေအဆင်သင့်ဖြစ်ပြီ...သွား...ရေသွားချိုးတော့"

"ဒုတိယအစ်မကော ရေချိုးပြီးပြီလား"

"မချိုးရသေးဘူး၊ ညီမလေးအရင်ချိုးပါ....မမတို့ကညီမလေးပြီးမှချိုးလိုက်မယ်"ချူအာ့က ပြုံးကာခေါင်းခါပြလိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now