Chapter - 6 [ကောင်းကင်ဘုံက လက်ဆောင်]

900 106 2
                                    

Chapter - 6 [ကောင်းကင်ဘုံက လက်ဆောင်]

#unicode

အစားအစာပြဿနာကိုဖြေရှင်းပြီးနောက် ချူကျင်းဇီသည် သူမ၏အခန်းထဲသို့ပြန်လာပြီး ငြိမ်းချမ်းစွာအိပ်စက်ခဲ့သည်။

လမင်းကြီးသည် ရေပြင်ကဲ့သို့ ကြည်လင်နေကာ တောင်ပေါ်တွင် လေများတိုက်ခတ်နေပြီး တစ်မြို့လုံးကိုတိတ်ဆိတ်ငြမ်သက်နေစေသည်။

.........................................

"အားး!" အမျိုးသမီးလီရဲ့အော်သံဟာ မနက်စောစောတွင် ပတ်ဝန်းကျင်တစ်ခွင်လုံးကိုဖြတ်ကာ ထွက်ပေါ်လာသည်။

သူမက ခြံနောက်မှာ ကြက်တွေကိုအစာကျွေးဖို့ ထွက်လာခဲ့ပေမယ့် အဲဒီမှာ တောဝက်ကြီးလေးကောင်လှဲနေတာကိုတွေ့လိုက်ရသည်။ အမျိုးသမီးလီသည် သတိမေ့မတတ်ကြောက်လန့်သွားခဲ့သည်။

ချူမိသားစုဝင်များက အော်သံကြားသောအခါ နောက်ခြံဆီသို့ ပြေးထွက်လာခဲ့ကြသည်။ သူတို့သည်လည်း တောဝက်လေးကောင်အားတွေ့သောအခါ ကျောက်ရုပ်ဖြစ်သွားခဲ့ကြသည်။

သူတို့စကားပြန်ပြောနိုင်ဖို့ အချိန်အတော်ယူလိုက်ရတယ်။

ချူရုံဟာ သံသယဖြင့် တုန်ယင်စွာမေးလိုက်သည်။  "ဘယ်လိုတွေဖြစ်သွားတာလဲ"

ထို​အဖြေကို တစ်ယောက်မှ မသိကြတဲ့အတွက် ဘယ်သူကမှပြန်မဖြေကြခဲ့ပါချေ။

ချုကျင်းဇီသည်လည်း အမျိုးသမီးလီရဲ့အော်သံကြောင့်နိုးသွားပြီး အိမ်ထဲကထွက်လာခဲ့သည်။

"တောဝက်ရိုင်းက သမီးတို့မိသားစုဟာပဲ" သူမ ထိုတောဝက်ရိုင်းတွေရဲ့ ဇာတ်မြစ်ကို ရှင်းပြဖို့ ခက်ခဲတာကြောင့် သူတို့သူမအား ယုံကြည်လာစေရန် လူတိုင်းရဲ့အသိစိတ်ကို ဝေဝါးသွားစေသော အစီအရင်ကိုတိတ်တဆိတ်သုံးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်သူကမှ တောဝက်တွေဘယ်လိုရောက်လာတာလဲဆိုတာကို ဂရုမစိုက်တော့ပါဘူး....

ခဏငြိမ်သက်သွားကြပြီးနောက် အဘွားချူကပြောလိုက်သည်။ " တောဝက်တွေကို အရင်သွားစစ်ဆေးကြည့်လိုက်ပါဦး....အဲ့တာတွေက လက်ဆတ်သေးရင် ကောင်တီမှာသွားပြီး ရောင်းလိုက်"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now