Chapter - 8 [အလှည့်အပြောင်း]

925 103 2
                                    

Chapter - 8 [အလှည့်အပြောင်း]

#unicode

ထိုအဝတ်ဆိုင်ရဲ့စီးပွါးရေးကညှို့မှိုင်းနေပြီး ဆိုင်ထဲမှာ လူတစ်ယောက်မှမရှိပေ။ ဆိုင်၌ အရောင်းဝန်ထမ်းများပင်မရှိပေ။

သူဌေးစန်းက ဆိုင်ထဲကို လူတစ်ယောက်ဝင်လာသောအခါ မျက်လုံးတွေတောက်ပသွားသော်လည်း ထိုဟာက သာမန်ကောင်မလေးတစ်ယောက်သာဖြစ်နေသဖြင့် ပြန်လည်မှိန်ကျသွားသည်။

သို့သော် သူမကဧည့်သည်တစ်ဦးဖြစ်သည့်အလျောက် သူကအားတင်းပြီးပြုံးလိုက်ကာ" မိန်းကလေး အထည်ဝယ်ချင်လို့လား"

ချူကျင်းဇီက ဝင်လာပြီး ကောင်တာကိုမှီကာ ဆန်းကြယ်စွာပြောလိုက်သည် "ကျွန်မအဝတ်တွေ ဝယ်ချင်လို့မဟုတ်ပါဘူး....ရောင်းဖို့ရောက်လာတာပါ"

သူဌေးဆန်းသည်သူမပြောတာ ကြားသောအခါ ဒေါထွက်သွားခဲ့သည် "မိန်းကလေး မင်းငါ့ရဲ့ဆိုင်ကိုကြည့်စမ်းပါဦး! လူတစ်ယောက်မှမရှိဘူး...ငါ့ရဲ့အဝတ်တွေကိုတောင်ရောင်းလို့မကုန်တာ မင်းရဲ့အဝတ်တွေကိုငါကဘာကြောင့်ဝယ်ရမှာလဲ..မင်းငါနဲ့လာကစားနေတာလာ"

ထိုသို့ပြောပြီးနောက် သူကချူကျင်းဇီကို ဆိုင်ထဲကနေရှင်းပြခြင်းမရှိ နှင်ထုတ်ခဲ့သည်။

ချူကျင်းဇီက တံခါးမှာရပ်နေပြိး သက်ပြင်းချလိုက်သည်။ ရှေးခေတ်မှာ စီးပွါးရှာရတာ ထင်သလောက်မလွယ်ကြောင်းရှာတွေ့လိုက်သည်။

သူမက သူမရဲ့အိတ်လေးကိုပုတ်ကာ လမ်းတစ်လျှောက်အခြားဆိုင်များရှာရန်ထွက်လာခဲ့သည်။

သို့သော် ဆိုင်ရှင်တွေကသူမက အဝတ်တွေရောင်းဖို့လာတာကိုကြားသိသောအခါ သူတို့ကသူမကိုမောင်းထုတ်လိုက်ကြသည်။

ချူကျင်းဇီက စိတ်ပျက်စွာနဲ့ လမ်းလျှောက်လာခဲ့ပြီး နေဒဏ်ကြောင့် သူမမျက်နှာလေးကလည်းနီရဲနေခဲ့သည်။သူမအဝတ်တွေချုပ်ရင်း ပိုက်ဆံရှာမယ့်အစီအစဉ်ကအလုပ်မဖြစ်ဘူးလို့ စဉ်းစားနေခဲ့သည်။သူမကောင်းကင်ကိုကြည့်လိုက်သောအခါ နေ့လယ်တောင်ရောက်နေပြီဖြစ်သည်။

စိတ်ပျက်စွာနဲ့ပဲ ချူရွာကိုပြန်ရန် လမ်းကြောင်းလှည့်ခဲ့တော့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now