💘Chapter 8
ချန်မိသားစုက ချန်ချင်းနောက်တစ်နေ့ နေလည်ခင်း၌
ရာသီဥတုက သာယာပြီး နေက ကောင်းကင်ယံအထက် မြင့်မြင့်မှာရှိနေကာ ကျစ်ကျစ်တောက်ပူနေသော နေရောင်များ ထွန်းလင်း၍နေသည်။ကမ္ဘာမြေကြီးကလည်း ပူကျက်နေကာ လမ်းဘေးဝဲယာရှိသစ်ပင်များက နေပူပူအောက်မှာ ညှိုးရော်နေကြသည်။ဤသည်က မြို့၏အဆင့်မြင့်လူနေရက်ကွက်ဧရိယာဖြစ်ပြီး ဥယျာဥ်ဗီလာများပြန့်ကျဲ၍တည်ရှိလေသည်။၎င်းတို့ထဲမှာ ချန်မိသားစု၏အိမ်က အကောင်းဆုံးနေရာကိုသိမ်းပိုက်ထားသည်။
ဤသည်က ချန်မိသားစုအိမ်ဟောင်းမဟုတ်ဘဲ ချန်ယွင်ရှန့်တို့မိသားစု၏အိမ်ဖြစ်လေသည်။တိုက်တိုက်ဆိုင်ဆိုင် နဂါးလှေပွဲတော်ပိတ်ရက်ဖြစ်နေသဖြင့် ချန်ယွင်ရှန့်၏သား ချန်ချင်းနှင့် သမီးဖြစ်သူ ချန်ယွီတို့က နဂါးလှေပွဲတော်ပိတ်ရက်ရှည်ကို အခွင့်ကောင်းယူပြီး အိမ်သို့ပြန်ကာ မိသားစုပြန်လည်ဆုံဆည်းပွဲအသေးစားလေးပြုလုပ်ကြသည်။
ချန်ချင်းက ချန်ယွင်ရှန့်၏သားဖြစ်ကာ ဤနှစ်မှာ ၂၃နှစ်ရှိပြီဖြစ်ပြီး မြို့တော်က Bတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူနေသည်။ချန်ယွီက ချန်ယွင်ရှန့်၏သမီးဖြစ်ပြီး ဤနှစ်မှာ ၂၁နှစ်ရှိပြီဖြစ်ကာ မြို့တော်က Fတက္ကသိုလ်မှာ ဒီဇိုင်းပညာကိုသင်ယူနေသည်။
ချန်ယွင်ရှန့်နှင့် သူ့ဇနီး တုလီရွှင်းတို့က သားသမီးများကို အလွန်တရာ ချစ်ခင်ကြသည်။ချန်ချင်းနှင့် ချန်ယွီက လူတိုင်း၏မျက်လုံးထဲမှာ ကောင်းကင်ဘုံ၏ချစ်သားချစ်သမီးများဖြစ်ကာ ချန်ယွင်ရှန့်နှင့်တုလီရွှင်းတို့ကို များစွာဂုဏ်ရှိစေလေသည်။သားနှင့်သမီးအကြောင်းကို တစ်ယောက်ယောက်က ထည့်ပြောတိုင်း ချန်ယွင်ရှန့်တို့လင်မယားက အမြဲပြုံးရွှင်ပြီး အလွန်အမင်းဂုဏ်ယူနေတတ်ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ယောက်ယောက်က သူတို့ရှေ့မှာချန်လီအကြောင်းထည့်ပြောလိုက်လျှင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က မေးခွန်းကိုရှောင်ပြီး ရှက်ရွံ့သည်ဟန်မျက်နှာနှင့်ဖြစ်သွားလိမ့်မည်ဖြစ်ပြီး တခြားတစ်ယောက်က မျက်နှာကြီးလုံးလုံးလျားလျားမည်းသွားကာ ချက်ချင်းလက်ငင်း ထွက်သွားပေလိမ့်မည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday