💘Chapter 61
မြို့တော်ကိုသွားဝေ့ချန်နှင့်ချန်လီ အတူတူအချိန်ကြာကြာမကုန်ဆုံးရသေးခင်မှာပဲ အတွင်းပိုင်းလိုင်းဆီက ဖုန်းကောလ်တစ်ခုဝင်လာပြီး ဝေ့ချန်ကို အထွေထွေမန်နေဂျာရုံးခန်းဆီ ဆင့်ခေါ်လာသည်။
ဝေ့ချန် ရုံးခန်းထဲက ထွက်သွားပြီး အချိန်အတော်ကြာသည့်တိုင် ချန်လီ၏အကြည့်က စောစောက စာရွက်ပေါ်က မခွာဘဲ ရှိနေခဲ့လေသည်။ဝေ့ချန်၏လက်ရေးက သူ၏စရိုက်အတိုင်းပဲ အေးစက်ပြီး ခိုင်မာပြတ်သားကာ စုတ်ချက်များက အားမာန်အပြည့်ပါ၏။သို့ပေမဲ့ ဤအခိုက်အတန့်မှာ အနှီစာလုံးများ၏စုတ်ချက်တစ်ခုစီတိုင်းက နူးညံ့မှုများထုံလွှမ်း၍နေကာ ချန်လီ၏နှလုံးသားကိုတည့်တည့် ပြင်းပြင်းထန်ထန် ထိမှန်လေသည်။
ချန်လီက စာရွက်ကို ခေါက်ရာတစ်ခုလေးပင်မရှိရအောင် သေသေချာချာခေါက်ပြီး သူ့အိတ်ကပ်ထဲထည့်ထားလိုက်သည်။နှစ်ပေါင်းများစွာကြာပြီသည့်တိုင် ဤစာရွက် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားဆဲဖြစ်လိမ့်မည်ဖြစ်ကာ ချန်လီနှင့်ဝေ့ချန်တို့ကြား တိုးတိုး၍ခိုင်မာလာသောအိမ်ထောင်ရေးနှင့်ချစ်ခြင်းမေတ္တာကို သက်သေခံနေပေလိမ့်မည်။
မှန်ပေသည်၊ယင်းက နောက်ပိုင်းမှဖြစ်၏။ယခုအချိန်မှာ ဝေ့ချန်က ကျူးကောဖုန်း၏ဆင့်ခေါ်ခြင်းခံလိုက်ရပေမဲ့ ဓာတ်လှေကာထဲမှာ ချန်ဖုန်းအုပ်စု၏ ဒုဥက္ကဠကျိုးထုံဖမ်းနှင့် တွေ့ခဲ့လေသည်။
ဝေ့ချန်က ချန်ဖုန်းအုပ်စုမှာ အလုပ်လုပ်နေသည်ဆိုကတည်းက ကျိုးထုံဖမ်းကိုသိသည်မှာ သဘာဝဖြစ်ပေသည်။ကျိုးထုံဖမ်းကိုမြင်လျှင် ဝေ့ချန်က သူ့ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
"ဒုဥက္ကဋ္ဌကျိုး"
ကျိုးထုံဖမ်းကဒုဥက္ကဋ္ဌဖြစ်သည့်အတွက်နှင့် သူ့အသံက ခယဝပ်ယနိုင်နေမသလို မျက်နှာချိုသွေးသံလည်းမပါပေ။ကျိုးထုံဖမ်းက ဝေ့ချန်ကိုမျက်လုံးထောင့်ကနေကြည့်လိုက်ပြီး ခေါင်းအစခြေအဆုံး အကဲခတ်ပြီးမှ ပြောလေသည်။
"မင်းက မားကတ်တင်းဌာနရဲ့ဒါရိုက်တာအသစ်ဝေ့ချန်လား"
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday