Chapter 32💘

1.8K 293 12
                                    

💘Chapter 32  အရူး

၎င်းကိုတွေးရင်း ကျူးကောယွီ၏ ချန်လီအပေါ်အကြည့်များက ပို၍ပူလောင်လာခဲ့သည်။ ချန်လီက 'နေဝင်ချိန်' ပန်းချီကားချပ်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရုတ်တရက် ကျူးကောယွီ၏အကြည့်များကိုတွေ့လိုက်ရသည်။ သာမန်လူတစ်ယောက်ပင်လျှင် ထိတ်လန့်သွားမည်ဖြစ်ရာ လူကြောက်တတ်သည့် ချန်လီကိုတော့ ပြောစရာပင် မလိုတော့ပေ။

ချန်လီ၏ တုံ့ပြန်မှုက ပို၍တိုက်ရိုက်ဆန်ပြီး ပွင့်လင်းသည်။ သူက ချက်ချင်းပင် ဝေ့ချန်၏ လက်မောင်းများကြားထဲသို့ ကြောက်လန့်တကြား ဆုတ်သွားခဲ့သည်။

ဝေ့ချန်က ချန်လီကို သိုင်းဖက်လိုက်ပြီး နောက်ကျောကိုပုတ်ပေးရင်း နှစ်သိမ့်ပေးနေသော်လည်း သူ၏အကြည့်များက ကျူးကောယွီထံသို့ အေးစက်စွာ ရောက်ရှိသွားခဲ့သည်။

ကျူးကောယွီက သူ့လက်ကို အပြစ်ကင်းစင်စွာ မြှောက်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ လူငယ်လေးက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခု ခံစားနေရကြောင်း ယခုတွင် သူ ပိုသေအချာသွားခဲ့သည်။

ကျူးကောယွီက လုံခြုံသောအကွာအဝေးတစ်ခုကို ဆုတ်ခွာသွားပြီးနောက် ဝေ့ချန်က ချန်လီကို စိတ်အေးအေးထားစေပြီး ပန်းချီကားများကို ဆက်လက်ကြည့်ရှု့ရန် ခေါ်ဆောင်သွားခဲ့သည်။

ကျူးကောယွီက သူတို့ကို အနှောင့်အယှက်မပေးတော့ဘဲ ချန်လီ၏အမူအရာများကို အဝေးမှ ကြည့်နေရုံဖြင့် သူ့အဖြေက သေချာလာခဲ့သည်။
ဒီလူငယ်ရဲ့ နားလည်ဆင်ခြင်နိုင်စွမ်းက တကယ်သန်မာတာပဲ...

အချိန်က လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နေဝင်သွားခဲ့သည်။ ချန်လီက ဆက်ကြည့်ချင်သေးသော်လည်း ဝေ့ချန်က ချန်လီ၏ခန္ဓာကိုယ်ကို ထည့်သွင်းစဉ်းစား၍ ပန်းချီပစ္စည်းများဝယ်ရန် ချန်လီကို ချော့မော့လိုက်သည်။

ချန်လီက‌ ဝေ့ချန်၏ စကားကို အလွန်နာခံခဲ့သည်။

နောက်ရက်၌ သူ့ကို ထပ်၍ ခေါ်ဆောင်သွားပေးမည်ဟူသော ဝေ့ချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ပစ္စည်းများရွေးရန် စင်များဆီသို့ ဝေ့ချန်ကသူ့ကို ခေါ်ဆောင်သွားသည်အား ခွင့်ပြုခဲ့သည်။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now