Chapter 56

583 96 0
                                    

💘Chapter 56
ခေါင်းခါခြင်း

"အဟွတ် အဟွတ်..."

အဘိုးအိုမှာ သူ့လက်ဖက်ရည်တစ်စုပ်သောက်ခါရှိသေး ကျူးကောယွီက ထိုစကားကိုပြောလိုက်သည်အားကြားလိုက်လိုက်ရသည်။မျိုပင်မျိုမချရသေးသောလက်ဖက်ရည်က လည်ချောင်းထဲကို လျှောခနဲ ဝင်သွားပြီး သီးသွားကာ သူ့ကိုမရပ်မနားချောင်းဆိုးစေခဲ့လေသည်။

ထိုအချိန်မှာ တရားခံက ဘာမဖြစ်ခဲ့သလိုဟန်ဆောင်ကာ အဘိုးအို၏ဘေးကို လျှောက်လာပြီး ကျောကိုပုတ်၍ သူ့ကို အသက်ကောင်း​ကောင်းရှူရအောင် ကူညီပေးရင်း ဆိုလေသည်။

"အဘိုးကြီး ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ...အလုပ်သင်ထပ်လက်မခံတော့ဘူးလို့ ခင်ဗျားပဲပြောခဲ့တာမဟုတ်ဘူးလား"

အဘိုးအိုက နောက်ဆုံးမှာ အသက်ကောင်းကောင်းရှူနိုင်သွားပေမဲ့ ခုနကဖြစ်ခဲ့သည့်ကိစ္စကြောင့် သူ့မျက်နှာက အနည်းငယ်နီသွား၏။သူက ကျူးကောယွီကိုစိုက်ကြည့်ပြီး ငေါက်လိုက်လေသည်။

"ကျူးကောယွီ မင်းက လျှောက်လုပ်ပြီး အဲဒီလူငယ်လေးရဲ့အနာဂတ်ကိုနှောင့်နှေးအောင်လုပ်နေတာပဲ...မင်းက ဆီဆေးပန်းချီဆရာ...ရိုးရာတရုတ်ပန်းချီအကြောင်းဘာသိလဲ...မင်းက လူငယ်လေးရဲ့လက်ချောင်းတစ်ချောင်းနဲ့တောင် ယှဥ်နိုင်မှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်...ဘယ်လိုလုပ် သူများကိုသင်ပေးနိုင်မှာလဲ"

ကြည့်ရသည်မှာ အဘိုးအိုက ကျူးကောယွီကြောင့် အမှန်တကယ် ဒေါသထွက်သွားပုံရသည်။သူ့အကြည့်က စူးရှလာပြီးသူ့စကားများက ကြမ်းတမ်းလာခဲ့လေသည်။

ကျူးကောယွီက နည်းနည်းမှစိတ်မဆိုးပေ။သူက ဆက်ပြီးပြုံးကာ ပြောလိုက်၏။

"အဘိုးကြီး ဒါကလူငယ်လေးရဲ့ပထမဆုံးရိုးရာတရုတ်ပန်းချီပါလို့ ကျုပ်မပြောခဲ့ဘူးလား...သူက အရင်ကဆီဆေးပဲဆွဲနေကျ...ဆီဆေးမှာသူ့ရဲ့ပါရမီက ရိုးရာတရုတ်ပန်းချီက သူ့ရဲ့ပါရမီထက်မလျော့ဘူး...ဒီလိုအလားအလာရှိတဲ့ပါရမီရှင်ကို ကျုပ်ကသေချာပေါက်ကျုပ်ရဲ့အတောင်အောက်မှာခေါ်ထားမှာပေါ့...တစ်နေ့နေ့မှာ သူက ချန်ယွင်လန်ကိုတောင် ကျော်ချင်ကျော်သွားနိုင်မှာ"

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now