💘Chapter 53
ထေ့ငေါ့လှောင်ပြောင်ခြင်းနေ့လည်နေက ကျစ်ကျစ်တောက်ပူနေသည်။အဲကွန်းကားထဲမှထွက်ပြီးနောက် ဒုတိယမြောက်ကောင်းကင်ဘုံ၏ ရေခဲနှင့်မီးစမ်းသပ်မှုကို ဖြတ်ကျော်နေရသလိုခံစားရလေသည်။တစ်ကိုယ်လုံး ပူကျက်နေကာ စားသောက်ဆိုင်ထဲရောက်ပြီး အဲကွန်းလေကသူတို့ကိုရိုက်ခတ်လာမှ အသက်ပြန်ရှင်လာသလိုခံစားရတော့သည်။
ဝေ့ချန်က ဤစားသောက်ဆိုင်မှာပုံမှန်ဖောက်သည်ဖြစ်၏။သူဝင်လိုက်သည်နှင့် စားပွဲထိုးက သူ့ကိုမှတ်မိပြီး တန်းရှေ့တက်လာကာ ဝေ့ချန်နှင့်ချန်လီကို သူ၏ပုံမှန်ကိုယ်ပိုင်သီးသန့်ခန်းဆီခေါ်သွားလေသည်။တံခါးပိတ်သွားချိန်မှာ စားပွဲထိုး၏သိချင်စိတ်ဖြစ်နေသောမျက်လုံးများက ဝေ့ချန်နှင့်ချန်လီတို့၏သွယ်ယှက်ထားသောလက်များအပေါ်ကျရောက်သွားပေမဲ့ အလျင်အမြန်အကြည့်ပြန်လွှဲသွားသည်။
ဝေ့ချန်က ခန္ဓာကိုယ်ကိုအားဖြည့်ပေးသော ဆေးဖက်ဝင်ဟင်းလျာတချို့ကိုမှာယူလိုက်၏။တခြားဟင်းများနှင့်ယှဥ်လျှင် ဤဆေးဖက်ဝင်ဟင်းလျာများက ဆေးအရသာပိုပြင်းလေသည်။ချန်လီက ၎င်းတို့ထဲက ဟင်းရည်တစ်မျိုးကိုသောက်ပြီးနောက် ဆက်မသောက်ချင်တော့ပေ။
ဝေ့ချန်က ချန်လီကိုချော့ပြီး သောက်ခိုင်းသောအခါ ချန်လီက ဝေ့ချန်ကိုကြည့်လာ၏။နောက်ဆုံးမှာ အတော်လေးဆန္ဒမရှိစွာပဲ ဝေ့ချန် သူ့အတွက်မှာပေးထားသော ဆေးဖက်ဝင်ဟင်းရည်ကို သောက်လိုက်လေသည်။
စားသောက်ဆိုင်က ပိုပိုပြီးလူပြည့်လာသည်။သို့ပေမဲ့ ဝေ့ချန်နှင့်ချန်လီက သီးသန့်အခန်းတစ်ခန်းယူထားခြင်းဖြစ်၍ အပြင်ဘက်ရှိ ပျားပန်းခပ်စည်ကားနေမှုကိုသတိမထားမိကြသလို အသိအကျွမ်းတစ်ယောက် ဤဆိုင်ထဲဝင်လာသည်ကိုလည်းမသိခဲ့ကြပေ။
ဝင်လာသူက ဝူဇီခန်းဖြစ်လေသည်။ဝေ့ချန်က သူ့ဖုန်းကိုချလိုက်ပြီးနောက် ပြန်ခေါ်လာလိမ့်မည်ဟု သူထင်ခဲ့သော်လည်း တစ်နေကုန်စောင့်နေပေမဲ့ ဝေ့ချန်ဆီကဖုန်းတစ်ကောလ်မှဝင်မလာပေ။ဝေ့ချန်က ဤစားသောက်ဆိုင်ကိုမကြာမကြာလာတတ်မှန်း သူသိသဖြင့် သူ သူ့ကိုလာရှာခြင်းဖြစ်သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday