💘Chapter 27
ထူးဆန်းလိုက်တာလူတိုင်းက အသံလာရာလမ်းအတိုင်းလိုက်ပြီး တံခါးဆီကိုကြည့်လိုက်သည့်အခါ လက်ပိုက်ကာ တံခါးကိုမှီရင်း သူတို့ကို မျက်ခုံပင့်၍ကြည့်နေသော လူတစ်ယောက်ကို မြင်လိုက်ရလေသည်။
"သခင်လေးယန် ပြန်လာပြီလား"
ဝေ့မိသားစုက အစေခံက ဧည့်ခန်းတံခါးကို မှီနေသည့်ဝေ့ယန်ကိုမြင်သော် အလျင်အမြန်သူ့ကို သွားနှုတ်ဆက်ပြီး သူခြေရင်းကခရီးဆောင်အိတ်ကို ကူဆွဲပေးလေသည်။
ဝေ့ယန်က အစေခံ၏နောက်ကနေ လိုက်ပြီး ခန်းမထဲဝင်လာသည်။လူအိုကြီးဝေ့၏အနားသို့ရောက်သောအခါ သူက လက်မောင်းနှစ်ဖက်ကို အကျယ်ကြီးဖွင့်ပြီး လူအိုကြီးဝေ့ကို အားရပါးရဖက်လိုက်၏။သူက တရင်းတနှီးဆိုလိုက်လေသည်။
"အဘိုး ကျွန်တော်ပြန်လာပြီနော်...ကျွန်တော့်ကိုလွမ်းနေလား"
"ပြန်လာဖို့အမှတ်ရသေးတယ်ပေါ့"
လူအိုကြီးဝေ့က ဝေ့ယန်ကိုစိုက်ကြည့်လိုက်ပြီး သူ့လေသံထဲတွင် ဘာကြီးကျယ်ခမ်းနားမှုမှမပါတော့ပေ။ဤဝေ့ယန်က အမှန်တကယ်ကို လူအိုကြီးဝေ့၏အချစ်ဆုံးမြေးဖြစ်သည်ပဲဟု ဘေးနားက လူများကတိတ်တိတ်လေးတွေးမိကြသည်။ဝေ့ယန်သူဝါသနာပါရာအလုပ်နောက်လိုက်နေသည်ကို ပံ့ပိုးပေးရုံသာမက သူ၏တစ်ခုတည်းသောချစ်ခင်ကြင်နာမှုကို ဝေ့ယန်အပေါ်မှာပဲပြလေသည်။
"အဘိုးက အိမ်မှာရှိနေတာကို ကျွန်တော်ကဘယ်လိုလုပ်အပြင်မှာ စိတ်အေးသက်သာရှိပါ့မလဲလို့...အဘိုးကိုတွေ့ဖို့ ခဏခဏပြန်လာရမှာပေါ့"
ဝေ့ယန်ကနှုတ်လည်း အလွန်ချိုပြီး လူအိုကြီးကိုပြုံးအောင်ချော့လိုက်နိုင်သည်။
ထိုအချိန်မှာ တခြားသူများက ဘာမှကြည့်စရာမရှိတော့သည်ကိုမြင်လျှင် ထရပ်ပြီး တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်ကြသည်။သူတို့ကလည်းပဲ ဝေ့မိသားစု၏အစိတ်အပိုင်းဖြစ်ပေမဲ့ သူတို့အကုန်လုံးက မိသားစုခွဲများမှဆွေမျိုးများဖြစ်လေသည်။ပွဲကြည့်ပြီးနောက် ပင်မအိမ်ထဲမှာဆက်နေသည်က အဓိပ္ပါယ်မရှိပေ။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday