💘Chapter 45
ဝေ့ချန်ကိုဘဝင်မကျလင်းမိသားစုကလည်း ရှန်ဟိုင်းမှာအဆင့်အတန်းတစ်ခုရှိလေသည်။အရာရှိလောကနှင့်စီးပွားရေးလောက နှစ်ခုစလုံးမှာ အလွန်နာမည်ကြီးသည်။လင်းမိသားစုခေါင်းဆောင်က လူတိုင်းနှင့်တည့်အောင်ပေါင်းနိုင်သူဖြစ်သည်။ရှန်ဟိုင်းရှိ အကောင်ကြီးကြီးများကြားမှာလည်း သူ့စကားများက ဩဇာတချို့ သက်ရောက်လေသည်။
လင်းမိသားစုခေါင်းဆောင်က သဘောထားပျော့ပြောင်းကာ သည်းခံတတ်သူဖြစ်သည်။လူကိုယ်တိုင်အပြင်မှာ အပြစ်တင်ဝေဖန်ခံရလျှင်ပင် သူက ထိုလူနှင့်ရယ်ရယ်မောမော လက်ဖက်ရည်အတူသောက်နိုင်သူဖြစ်၏။သူ့ပုံစံက အမြဲအရိမေတ္တယျ မြတ်စွာဘုရားလောင်းအလျာအတိုင်းဖြစ်လေသည်။
သို့ပေမဲ့ လင်းမိသားစုခေါင်းဆောင်မှာလည်း သူ့မိသားစုထဲမှာ ပြောင်းပြန်အကြေးခွံတစ်ခုရှိသည်ကို လူတိုင်းသိကြသည်။ထိုပြောင်းပြန်အကြေးခွံက သူ၏တစ်ဦးတည်းသော သားဖြစ်လေသည်။
လင်းပင်းလွေ့က လင်းမိးသားစုခေါင်းဆောင်၏သားဖြစ်သည်။သူက လင်းမိသားစုခေါင်းဆောင်၏တစ်ဦးတည်းသောသွေးသားဖြစ်ကာ သူ့အသက်ငါးဆယ်ကျမှထိုသားကိုရခဲ့ခြင်းဖြစ်၏။လင်းပင်းလွေ့က သဘာဝအတိုင်း အချစ်ခံရပြီး ကလေးဘဝကတည်းက စိတ်အလိုမကျဖြစ်ရသည်မျိုးတစ်ခါမှမရှိအောင် အထားခံရလေသည်။
သို့သော်လည်း မနေ့ကမှ လင်းပင်းလွေ့ကို ဆေးရုံတင်လိုက်ရသည်။အကြောင်းအရင်းက တကယ်ကို အရိုက်ခံရ၍ဖြစ်၏။လင်းမိသားစုခေါင်းဆောင် ထိုသတင်းကိုကြားချိန်မှာ ဒေါသပုန်ထသွားသည်မှာသဘာဝဖြစ်ပေသည်။
သူ ဆေးရုံသွားပြီးလင်းပင်းလွေ့၏အခြေအနေကိုမေးခဲ့သည်။ထိုမှသာ လင်းပင်းလွေ့နံရိုးနှစ်ချောင်းကျိုးသွားသည်ကို သူသိလိုက်ရသည်။ထိုအချိန်မှာ လင်းမိသားစုခေါင်းဆောင် တရားခံကိုအရေခွံဆုတ်ပြီး အရွတ်များကိုဆွဲထုတ်ချင်စိတ်ပေါက်သွားသည်။
နောက်ပိုင်းမှာ ကျိုးကျော့ရန်ဆီကနေ သူ့သားကိုဒဏ်ရာရအောင်လုပ်ခဲ့သူက ဝေ့မိသားစုက ဝေ့ချန်ဖြစ်ကြောင်းသိရှိပြီးနောက်တွင် လင်းမိသားစုခေါင်းဆောင်တစ်ယောက်ပန်းအိုးတစ်လုံးခွဲရုံကလွဲ၍ သူ့မျက်နှာပေါ်မှာ ဒေါသကိုထုတ်မပြနိုင်တော့ပါချေ။လင်းပင်းလွေ့အရိုက်ခံရသည့်အကြောင်းအရင်းကို ကြားပြီးနောက်မှာတော့ လင်းမိသားစုခေါင်းဆောင်က သူ့လက်အောက်ငယ်သားများကိုလက်ဆောင်များပြင်ခိုင်းလိုက်၏။အခြေအနေကိုကြည့်ရသည်မှာ သူ့အနေဖြင့် ရှင်းပြချက်တစ်ခုသွားတောင်းရမည့်အစား သွားတောင်းပန်ရမည့်ပုံပင်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday