💘Chapter 39
မဖြတ်တောက်ရသေးသော ကျောက်စိမ်းအုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော လူက ထွက်ခွာသွားခဲ့ပြီးနောက် ဝိုင်းဝန်းကြည့်ရှု့နေသူများက လူစုခွဲသွားကြလေသည်။
မန်နေဂျာနှင့် အရောင်းဝန်ထမ်းက ချန်လီနှင့် ဝေ့ချန်ကြားရှိ အေးစက်သောလေထုကို ခံစားမိပုံပေါ်ပြီး သူတို့က အနီးသို့ မသွားဘဲ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။
ဤနေရာ၌ ချန်လီနှင့် ဝေ့ချန်သာ ကျန်ရှိခဲ့ပြီး ဝေ့ချန်၏ မျက်လုံးမှ ရန်လိုစိတ်က မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။ သူက ချန်လီကို ကြင်ကြင်နာနာ ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။
"လီလီ..."
ချန်လီက သူ မကြားခဲ့ရသကဲ့သို့ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ကာ သူ၏ အထီးကျန်သော ကမ္ဘာထဲ၌ သူ့ကိုယ်သူ ကန့်သတ်ထားခဲ့ပြီး အမှောင်ထုကို အဝေးသို့ မောင်းပို့ပေးခဲ့သည့် အလင်းရောင် အပါအဝင် အပြင်လောကမှ စိတ်ခံစားချက်များအား ငြင်းဆိုခဲ့သည်။
အထီးကျန်စိတ်ဝေဒနာရှိသော လူများက စိတ်ခံစားလွယ်ပြီး ကျိုးပဲ့လွယ်သည်။ ထိုလူ၏ စကားလုံးများက ချန်လီ၏ အထိမခံနိုင်သော အရာအား ထိတွေ့မိခဲ့ကြောင်း ဝေ့ချန်က မသိရှိခဲ့သောကြောင့် ချန်လီ၏ သူ့နှလုံးသားကို ဖွင့်ပေးသော တံခါးက အရှိန်ဖြင့် ပိတ်ချခဲ့သည်။ ဤအချိန်၌ ဝေ့ချန်က ချန်လီ၏ အနီးသို့ ခွင့်ပြုချက်မရဘဲ မသွားရဲခဲ့ပေ။ သူက ချန်လီကို ကြင်ကြင်နာနာ ကြည့်ခဲ့ပြီး သူ့နှလုံးသားမှ စစ်မှန်သော ခံစားချက်များအား သူ့မျက်လုံးများမှ တဆင့် ချန်လီ ခံစားမိနိုင်ရန် မျှော်လင့်ခဲ့သည်။
ချန်လီက ကြက်သေသေလျက် ဝေ့ချန်၏ ရှေ့၌ မတ်တတ်ရပ်နေခဲ့သော်လည်း ဝေ့ချန်က ယခုအချိန်၌ ချန်လီက သူနှင့် ဝေးကွာနေခဲ့သည်ဟု ခံစားခဲ့ရသည်။ ရှင်းရှင်းလင်းလင်းပင် နီးကပ်နေခဲ့သော်လည်း ဝေးကွာနေဆဲပင်။
ဝေ့ချန်သည် ဤနေရာက စကားပြောရန် နေရာကောင်း မဟုတ်ကြောင်း သိရှိလေသည်။ သူက ခြေလှမ်းလှမ်းခဲ့ကာ ချန်လီထံသို့ သတိထားလျက် ချဉ်းကပ်လိုက်၏။ ချန်လီက သူ့ကို တွန်းမထုတ်ခဲ့သော်လည်း သူ၏ အကြည့်က ဝေ့ချန်၏ မျက်လုံးများကို ရင်မဆိုင်ခဲ့ပေ။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday