💘Chapter 35
တံတားခင်းပေးခြင်း"သခင်ငယ်...အိပ်ယာထရန်အချိန်ရောက်ပါပြီ...သခင်ဟောင်းက သခင်ငယ်ကို ခေါ်ခိုင်းခဲ့ပါတယ်..."
အိမ်အကူ၏ အသံကို ကြားသည်နှင့် ဝေ့ချန်က ညင်သာစွာ အဖြေပေးခဲ့ပြီး အိပ်ယာပေါ်မှ ထရန်ပြင်လိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် ချန်လီက နိုးလာကာ သူ၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး ဝေ့ချန်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ၌ ရှုပ်ထွေးမှုများရှိမနေခဲ့ခြင်းက သူ နိုးလာသည်ကို ညွှန်ပြနေခဲ့သည်။ သူ ယခုမှ နိုးလာခြင်းလည်း ဖြစ်နိုင်သလို၊ နိုးလာတာကြာပြီ ဖြစ်သော်လည်း ဝေ့ချန်မှ ယူဆောင်လာပေးသည့် နွေးထွေးမှုများအတွက် လောဘကြီးမိသောကြောင့် မျက်လုံးများမှိတ်၍ အိပ်မက်မက်ချင်ယောင်ဆောင်ခဲ့သည်လည်း ဖြစ်နိုင်သည်။
"ပြန်အိပ်ချင်လား..."
ဝေ့ချန်က မတ်တပ်ရပ်ကာ ချန်လီကို ငုံ့ကြည့်နေခဲ့သည်။ နံနက်စောစော နေရောင်က ပြတင်းပေါက်မှ ကျဆင်းလာကာ ဝေ့ချန်၏ မျက်နှာကို တောက်ပနေစေသည်။ သူက ထုတ်ဖော်ပြသခြင်းမရှ်ိသော်လည်း သူ့မျက်လုံးများက နူးညံ့မှု အပြည့် ရှ်ိနေသည်။
ချန်လီက ထထိုင်လိုက်သည်။ သူ၏ဆံပင်အချို့က ကောက်ကွေးနေလေ၏။ သူ ဝေ့ချန်ကို တချက်ကြည့်လိုက်ပြီး လှည့်လိုက်ကာ သူ၏ ခြေထောက်ကို ကုတင်အစွန်း၌ တင်ထားခဲ့သည်။
ဝေ့ချန်က ချန်လီ၏ ဆိုလိုရင်းကို မြင်ခဲ့ပြီး ချန်လီ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။ သူနိုးလာသော အချိန်ထဲက ရှုပ်ပွနေသော ဆံပင်များက ဝေ့ချန်၏ ပွတ်သပ်မှုအောက်၌ ငှက်သိုက် အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ချန်လီက ၎င်းကို မပြင်ခဲ့ဘဲ ဝေ့ချန်ကိုသာ ကြည့်နေခဲ့သည်။
ဝေ့ချန်က ထိုင်ချလိုက်ပြီး သူ၏ ဖိနပ်ပါးများကို ချန်လီအား ဝတ်ပေးကာ သူ့ကို ရေချိုးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ချန်လီ ကိုယ်လက်သန့်စင်နေသည်ကို ဘေးမှ ကြည့်နေပုံက ကလေးတစ်ယောက်ကို ဂရုစ်ိုက်ပေးနေသလိုပါပင်။ ဤအရာများက အသေးအဖွဲ့များသာဖြစ်သော်လည်း ဝေ့ချန်က ပျော်ရွှင်နေခဲ့သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday