💘Chapter 3
ချန်လီ ပြုံးနေခြင်းလူနာခန်းထဲတွင် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
ဝေ့ချန် ထိုလူနှစ်ယောက်ကိုမြင်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် နာကြည်းမှုများ ရုတ်ချည်းပြည့်နှက်သွားသည်မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်က အစိုင်အခဲတစ်ခုအသွင် သိပ်သည်းသွားတော့မည်ဟုပင် ထင်ရပေသည်။
ချန်ချင်းနဲ့ ဝူဇီခန်း...
တစ်ယောက်ကိုမူ သူ့နှလုံးသားတစ်ခုလုံးနှင့် ပုံအပ်ချစ်ခဲ့ပြီး အခြားတစ်ယောက်ကမူ ငယ်စဉ်ကလေးဘဝတည်းက အတူတူကြီးပြင်းလာခဲ့သော ညီအစ်ကိုသဖွယ်လူပင်။ ရလဒ်အနေဖြင့် ထိုလူနှစ်ယောက်လုံးက သူ့ကို အသူရာချောက်ထဲသို့ တွန်းချပစ်ခဲ့လေသည်။
ဝေ့ချန်၏ မျက်လုံးများက ချန်ချင်းနှင့် ဝူဇီခန်းတို့ကို စိုက်ကြည့်နေပြီး သူ့ကိုယ်သူ သရဲအဖြစ်ပြောင်းကာ ထိုလူနှစ်ယောက်၏အသားများကိုစားပြီး သွေးကို သောက်ပစ်လိုစိတ် ဖြစ်ပေါ်နေသည်။
" နှစ်ယောက်လုံး ထွက်သွားကြ..."
ထိုအခိုက်အတန့်တွင် အက်ရှရှအသံတစ်ခု ထွက်ပေါ်လာ၍ ဝေ့ချန်၏အတွေးများကို ပြန်ဆွဲယူလိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခု ထိုစကားကိုပြောလိုက်သူက ချန်လီဟုတ်မဟုတ် အတည်ပြုရန်အတွက် သူ မယုံကြည်နိုင်စွာဖြင့် ချန်လီရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဝေ့ချန်အတည်ပြုလိုသည့်အရာကို တုံ့ပြန်သည့်အလားပင် ချန်လီက ထပ်ပြောလာပြန်သည်။
" ထွက်သွား... အခု ထွက်သွား... ထွက်သွား..."
အမြဲတမ်း အမူအရာကင်းမဲ့နေတတ်သော သူ့မျက်နှာက ယခုချိန်တွင် ဒေါသများဖြင့်ပြည့်နေသည်။ ချန်လီ၏ သူရဲဘောကြောင်သော ခံစားချက်မှလွဲ၍ အခြားသော ခံစားချက်များကို မြင်တွေ့ရသည်မှာ ယခု ပထမဆုံးဖြစ်ပြီး ချန်လီစကားပြောသည်ကို ဝေ့ချန်ကြားဖူးသည်ကလည်း ပထမဆုံးအကြိမ်ဖြစ်သည်။
ချန်လီက သူ့အတွက်ကြောင့်နှင့် ထိုသို့သော ခံစားတတ်သည့် အမူအရာမျိုးရှိလာပြီး စကားပြောရဲလာသည်ဟု သူ ထင်လိုက်မိသည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday