💘Chapter 23
လက်ထပ်ဓာတ်ပုံရိုက်ခြင်းဝေ့ချန်က ချန်လီကိုဆွဲပြီး လူနာဆောင် တံခါးကိုပိတ်သွားသည်ကိုမြင်လျှင် ချန်ချင်းကအလျင်စလိုရှေ့တက်ပြီး တံခါးမခေါက်ခဲ့ပါချေ။
သူက လူနာဆောင်၏ကော်ရစ်တာမှာ နေရာတစ်နေရာရှာပြီး ထိုင်ချလိုက်၏။သူ့လက်ထဲမှာကား ကြက်သွေးရင့်ရောင်အိမ်ထောင်စုစာရင်းစာအုပ်တစ်အုပ်ကိုကိုင်ထားပြီး သူ့နှုတ်ခမ်းထောင့်စွန်းများက မသိမသာကော့တက်နေသည်။ပူပြင်းခြောက်သွေ့သောရာသီဥတုက သူ၏စိတ်အခြေအနေကောင်းမွန်နေမှုကို မနှောင့်ယှက်နိုင်ပါချေ။
ဝေ့ချန်နှင့်ချန်လီ လူနာဆောင်အပြင်ဘက်ကိုထွက်လာချိန်မှာ ချန်ချင်းကဆီးကြိုပြီးမေးလိုက်၏။
"ဘာဖြစ်လို့လဲ ဝေ့တာ့ကော...ချန်လီက မင်းနဲ့လက်မထပ်ချင်ဘူးတဲ့လား"
ဤအချိန်မှာ ဝေ့ချန်က သူ့ကိုယ်သူ ကျဥ်းထဲကျပ်ထဲရောက်အောင် အမှန်တကယ် တွန်းပို့လိုက်မိပြီဖြစ်လေသည်။သူသာ ချန်လီကိုလက်မထပ်ချင်လျှင် သူ့ကိုယ်သူဆီကနေ အကြောင်းပြချက်ရှာ၍မရသဖြင့် ချန်လီကလက်မထပ်ချင်ဟုပြောပြီး ချန်လီကိုသာ ဆင်ခြေတစ်ခုအဖြစ်သုံးနိုင်၏။ချန်ချင်းကလည်း ဤသည်ကိုသိသဖြင့် ယခုအချိန်မှာ သိလျက်နှင့်တမင် မေးလိုက်ခြင်းဖြစ်လေသည်။(ဤကား ချန်ချင်း၏အတွေး)
"ငါအစက ပြီးမှ လီလီကိုခေါ်ပြီး မင်းတို့အိမ်မှာ အိမ်ထောင်စုစာရင်းစာအုပ်လာယူမလို့...မင်းကအခုရောက်နေပြီဆိုမှတော့ ပြည်သူ့ရေးရာဗျူရိုကို တစ်ခါတည်း သွားကြတာပေါ့"
ဝေ့ချန်က မျက်နှာသေနှင့်ပြောလိုက်၏။
"ဒါဆိုလည်း သွားကြရအောင်"
ချန်ချင်းက သူ့မျက်လုံးများကိုအနည်းငယ်မှေးစင်းလိုက်၏။ဝေ့ချန် ဘယ်လောက်ကြာကြာ တည်ငြိမ်အောင်နေနိုင်မလဲ သူသိချင်သည်။
*ယနေ့က နေ့ကောင်းရက်မြတ်ပဲ ဖြစ်ရမည်။
ယနေ့၌ ပြည်သူ့ရေးရာဗျုရိုကိုလာပြီး လက်ထပ်မှတ်ပုံတင်လုပ်ရန်ရွေးချယ်ကြသည့်စုံတွဲများ များစွာရှိနေလေသည်။ဝေ့ချန်နှင့်ချန်လီရောက်သွားချိန်တွင် လက်ထပ်မှတ်ပုံတင်စာရင်းသွင်းသည့်နေရာရှေ့မှာ လူတန်းအရှည်ကြီးရှိနေပြီဖြစ်သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday