Chapter 50

2K 239 0
                                    

💘Chapter 50
ကိုယ်တို့အိမ်

ရုံးဖွင့်ရက်ဖြစ်သဖြင့် ညနေပိုင်းရုံးဆင်းချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်သွားတိုးလေသည်။ယာဥ်များက ဘက်ပေါင်းစုံမှစုဝေးလာ​နေပြီး နောက်ဆုံးမှာ ယာဥ်တန်းရှည်​ကြီးများအဖြစ်သို့ပြောင်းသွားသည်။ဝေ့ချန်နှင့်ချန်လီတို့စီးလာသည့်တက္ကစီကလည်း အနှီယာဥ်တန်းရှည်ကြီး၏မထင်မရှားအဖွဲ့ဝင်လေးဖြစ်လာခဲ့လေသည်။

အနှီယာဥ်တန်းရှည်ကြီး၏လှုပ်ရှားမှုများက သံသယဖြစ်ဖွယ်မရှိစွာပင် အလွန်နှေးကွေးပြီး အကြာကြီးနေမှ ရှေ့ကိုနည်းနည်းသာရွေ့လေသည်။စိတ်မရှည်သည့်သူများဆိုပါက ဆဲ၍ပင်ပြီးမှာမဟုတ်ပေ။

မြို့တော်မှာ နှစ်တချို့လောက်နေခဲ့သောဝေ့ချန်က ဤကဲ့သို့သောယာဥ်ကြောပိတ်ဆို့မှုမျိုးကို ကျင့်သားရနေပြီဖြစ်ကာ တက္ကစီဒရိုင်ဘာကလည်း၎င်းကိုကျင့်သားရနေပြီဖြစ်သည်။ဝေ့ချန်၏အမြင်ကိုမေးမြန်းပြီးနောက်မှာ သူက သီချင်းလေးဖွင့်ပြီး သံစဥ်အတိုင်း ခေါင်းတလှုပ်လှုပ် လုပ်နေသည်။သူ့ကြည့်ရသည်မှာ အလွန်သက်တောင့်သက်သာရှိနေပုံပင်။

ယာဥ်တန်းရှည်ကြီးက တအိအိနှင့်ရှေ့ကိုရွေ့နေသည်။ပုံမှန်နာရီဝက်လောက်ကြာရမည့်ခရီးက ဤတစ်ခေါက်မှာ တစ်နာရီကျော်ကြာသွာခဲ့လေသည်။လိုရာခရီးကိုရောက်ချိန်မှာ နေကဝင်နေပြီဖြစ်ကာ မိုးကုတ်စက်ဝိုင်းကြီးပင် မှောင်နေလေပြီ။

မြို့တော်ရှိဝေ့ချန်၏အိမ်က ဝေ့ချန်မြို့တော်မှာ တစ်နှစ်အလုပ်လုပ်ပြီး သူ့ပိုက်ဆံနှင့်သူဝယ်ထားခြင်းဖြစ်သည်။သိပ်မကြီးဘဲ အိပ်ခန်းသုံးခန်းနှင့်ဧည့်ခန်းတစ်ခန်းသာပါသော်လည်း သူနှင့် ချန်လီနေရန်အတွက်လုံလောက်သည်ထက်ပိုလေသည်။

ဝေ့ချန်က ချန်လီ၏လက်ကိုဆွဲပြီး အိမ်တံခါးကိုဖွင့်လိုက်သည်။လဝက်ကျော်ကျော်လောက် အိမ်မှာ ဘယ်သူမှမနေသော်လည်း ဝေ့ချန်က လူတချို့ကိုငှားပြိး လဝက်ကျော်ကျော်လောက် အိမ်ကိုပြန်လည်ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်။ထိုလူများက ထွက်မသွားခင်မှာ အိမ်ကိုနှံနှံစပ်စပ်ရှင်းလင်းပေးသွားခဲ့လေသည်။ယခု သူတို့ဝင်လာချိန်မှာ ဖုန်တစ်စက်မှမတွေ့ရပေ။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now