💘Chapter 55
ဆွဲလက်စပန်းချီရှန်ဟိုင်းကနေပေကျင်းကိုပျံသန်းလာသည့်လေယာဥ်က ဆိုက်ပြီဖြစ်သည်။ လူငယ်အနည်းငယ်က ထွသည်က်ပေါက်မှာရပ်ကာ စောင့်နေကြ။ဂိတ်မှ အဘိုးအို/အဘွားအိုအနည်းငယ်ထွက်လာသည်ကိုမြင်သည်နှင့် ထိုလူငယ်များက ချက်ချင်းသူတို့ကိုဝန်းရံလိုက်ကြ၏။
"လောင်ရှီး ကျွန်တော်တို့လောင်ရှီးကိုလာကြိုပြီး ကျောင်းကိုပြန်ခေါ်သွားဖို့လာတာ"
ရှေ့ဆုံးကလူငယ်က ထိုသို့ပြောကာ အဘိုးအို၏ခရီးဆောင်းအိတ်ကို အပြေးအလွှားယူလေသည်။"သိတတ်လိုက်တာ"
အဘိုးအိုက ပြန်ပြောသည်။သူတို့က လူငယ်များနှင့်အငြင်းပွားမနေဘဲ သူတို့၏ခရီးဆောင်အိတ်များကို အနားကပ်လာသောလူငယ်များဆီကမ်းပေးလိုက်ကြပြီး ရောင်စုံအဝတ်အစားများကိုဝတ်ထားသည့် အဘိုးအိုကပဲ သူ့ခရီးဆောင်အိတ်ကိုသူဘာသာသူဆွဲမည်ဟုမရမကပြော၏။
အနှီအဘိုးအိုက Qတက္ကသိုလ် အနုသုခုမမေဂျာမှ ပါမောက္ခကျူးကောယွီမှလွဲ၍ တခြားမဟုတ်ပါချေ။
သူနှင့်အတူပြန်လာသည့် တခြားအဘိုးအို/အဘွားအိုများက Qတက္ကသိုလ်အနုသုခုမမေဂျာနှင့်တခြား လက်မှုအနုပညာကျောင်းများမှ ပါမောက္ခများဖြစ်ကြသည်။သူတို့ရှေ့ရှိလူငယ်များက သူတို့၏ကျောင်းသားများဖြစ်ပြီး သူတို့၏ခရီးစဥ်ကိုတစ်နည်းနည်းဖြင့်သိသွားကာ သူတို့ကိုလာကြိုကြခြင်းဖြစ်၏။
ကျူးကောယွီက သူ့အိတ်ကိုဘယ်သူ့ကိုမှမကိုင်ခိုင်းသည်ကိုမြင်သောအခါ တခြားပါမောက္ခအိုကြီးများက သူ့ကိုစနောက်ကြသည်။
"ရှန်ဟိုင်းမှာ ပါရမီရှင်ကျောင်းသားတစ်ယောက်တွေ့ခဲ့တယ်ဆို...မင်းနဲ့မပါလာဘူးလား"ကျူးကောယွီက ထိုပါမောက္ခကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းနဲ့ပါမလာဘူးလားဆိုတာဘာအဓိပ္ပါယ်လဲ...ငါက ဖိတ်ကြားချက်တောင်မပို့ရသေးဘူးကွ သိရဲ့လား...သူတို့က ငါ့ရဲ့စောင့်ကြည့်ကာလအတွင်းမှာပဲရှိသေးတယ်နားလည်လား""အိုက်ရား တော်ပါကွာ"
တခြားပါမောက္ခတစ်ယောက်က ချက်ချင်းဝင်ဖြတ်ပြောလိုက်၏။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday