💘Chapter 26 ငါ့လူ
ချန်လီနှင့်ဝေ့ချန် လက်ထပ်မှတ်ပုံတင်သည်က သိုသိုသိပ်သိပ်လုပ်ခဲ့ခြင်းဖြစ်လေသည်။လဝက်အကြာတွင် ချန်လီဆေးရုံကဆင်းခဲ့သည့်တိုင် ဝေ့ချန် ရွှေလူပျိုအဖြစ်မှ အိမ်ထောင်သည်ဖြစ်သွားသည်ကို သိသူမှာ ထိုစဥ်က အသိသက်သေ အနေဖြင့်ရှိနေခဲ့သည့် ချန်ချင်းတစ်ယောက်သာရှိလေသည်။
ချန်လီ ဆေးရုံဆင်းပြီဖြစ်သည်။
ပြီးခဲ့သည့် လဝက်အတွင်းမှာ ဝေ့ချန်က ချန်လီကို အလွန်ကိုမှကောင်းကောင်း ကျွေးမွေးပြုစုခဲ့၏။သူက ယခင်ကအတိုင်းပိန်ပါးပါးပုံစံဖြစ်နေဆဲဖြစ်သော်လည်း မျက်နှာလေးကအများကြီး
စိုပြည်နီမြန်းလာပြီဖြစ်ကာ နောက်ဆုံးမှာ မကျန်းမာသည့်ပုံစံ ဖြူဖတ်ဖြူရော်ဖြစ်မနေတော့ပါချေ။သူဆေးရုံကဆင်းသည့်နေ့မှာ ရာသီဥတုက ကြည်လင်ပီး နေကတောက်ပစွာသာနေသည်။အပြင်ဘက်မှာ ပေါင်းအိုးထဲရောက်နေသည့်အတိုင်း ပူလေသည်။နေရောင်က အသားကိုထိလိုက်သည်နှင့် ပူလွန်း၍ အကင်ခံရတော့မည့်အတိုင်းဖြစ်၏။
ချန်လီ ဆေးရုံထဲကထွက်လာသည်နှင့် ဝေ့ချန်က အပူဒဏ်ကြောင့် သူထပ်ထိခိုက်မှာစိုး၍ သူ့ကို ကားထဲတန်းပို့သည်။
"ရေဘူးယူထား...ရေဆာသလိုခံစားရရင် တန်းသောက်လိုက်နော်"
ဝေ့ချန်က ချန်လီကိုထိုင်ခုံခါးပတ်တပ်ပေးပြီးနောက် ကားရေခဲသေတ္တာထဲ *mineral waterတစ်ဘူးထုတ်ပြီး ချန်လီကိုပေးလိုက်သည်။
(T/N–သတ္ထုဆားသို့မဟုတ်ဓာတ်ငွေ့ပျော်ဝင်နေသည့်စမ်းရေသန့်)အေးသောရေခိုးရေငွေ့များက ပူနွေးသောလေထုနှင့် ထိတွေ့လိုက်သည်နှင့် အဖြူရောင်အငွေ့မျှင်စုများက လေထဲမှာ ချက်ချင်းပြည့်လာသည်။ရေဘူးဆီမှ အေးစက်စက် အထိအတွေ့ကလည်း ချန်လီ၏လက်များထံသို့ ကူးလာပြီး ထိုကနေ သူ့နှလုံးသားဆီသို့ရောက်ကာ ချန်လီ၏ ဂနာမငြိမ်ဖြစ်နေသောနှလုံးသားကို ငြိမ်အေးသွားစေခဲ့သည်။
ချန်လီက ရေဘူးကိုကိုင်ထားပြီး သူ့အကြည့်က ဝေ့ချန်ပေါ်ကိုရောက်လာသည်။ထိုမျက်ဝန်းများက အသက်မဲ့နေဆဲဖြစ်ပြီး အထဲမှာဘာခံစားချက်မှမရှိသော်လည်း နေရောင်ထပ်ပေါင်းထားသည့်အတိုင်း အနည်းငယ်တောက်ပပြီး လင်းလက်နေလေသည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday