💘Chapter 51
မနက်ခင်းလေ့ကျင့်ခန်းနောက်တစ်နေ့မနက်ခင်းမှာ နေရောင်ခြည်နွေးနွေးက ဖြာကျနေပြီး တစ်ညလုံးတိတ်ဆိတ်နေခဲ့သောလောကကြီးက တဖြည်းဖြည်း နိုးထလာခဲ့လေသည်။
ဝေ့ချန်က အစောကြီး နိုးနေ၏။မျက်လုံးမဖွင့်ခင်မှာ သူ့ခါးနှင့်ခြေထောက်များပေါ်မှာ ဖိအားအနည်းငယ်ကိုခံစားလိုက်ရသည်။မျက်လုံးဖွင့်လိုက်ချိန်မှာ ချန်လီက သူ့လက်ကို သူ့(ဝေ့ချန်)ခါးပေါ်တင်ထားပြီး သူ့ခြေဖဝါးကို သူ့(ဝေ့ချန်)ခြေထောက်များပေါ်တင်ကာ သူ့(ဝေ့ချန်)ရင်ခွင်ထဲမှာကွေးကွေးလေးရှိနေသည်ကိုတွေ့လိုက်ရ၏။
‘
'အအိပ်ပိုပိုကြမ်းလာတာပဲ'ဝေ့ချန် စိတ်ထဲမှာသက်ပြင်းချလိုက်၏။နှစ်ယောက်အိပ်ကုတင်ဖြစ်သော်ငြား သူတို့က ဘာကြောင့်မှန်းမသိ တစ်ယောက်အိပ်စာနေရာလေးမှာဖျစ်ညစ်ပူးကပ်အိပ်သည့်အဖြစ်နှင့်အဆုံးသတ်သွားခဲ့သည်။နွေရာသီအတွင်းမှာ အခန်းထဲကအဲကွန်းကြောင့်သာမဟုတ်လျှင် ဝေ့ချန် ညခင်းမှာ ပူအိုက်၍ခဏခဏနိုးလာလောက်သည်။
သို့သော်လည်း ဤအရာအားလုံးက ချိုမြိန်သောဝန်ထုပ်ဝန်ပိုးလေးသာဖြစ်၏။ဝေ့ချန် ချန်လီ၏ငြိမ်ငြိမ်းချမ်းချမ်းအိပ်ပျော်နေသော မျက်နှာလေးကို နူးညံ့စွာကြည့်လိုက်သည်။သူ့မျက်ဝန်းများက နူးညံ့မှုများဖြင့်ပြည့်နေပြီး အပြုံးရေးရေးလေးထင်နေ၏။
ဝေ့ချန်နိုးပြီး မကြာခင်မှာပဲ ချန်လီလည်းနိုးလာသည်။သူက တည်ငြိမ်စွာဖြင့် သူ့လက်နှင့်ခြေထောက်ကိုဝေ့ချန်၏ကိုယ်ပေါ်ကနေ ပြန်ရုတ်လိုက်ပြီး
အူတူတူလေးထထိုင်လိုက်လေသည်။သူ၏ရှုပ်ပွနေသောဆံပင်များက ထိုးထိုးထောင်ထောင်ဖြစ်နေပြီး သူ၏မျက်လုံးဝိုင်းကြီးထဲမှာ ပုံမှန်ရှိနေကျအသက်မဲ့နေသောအကြည့်တို့ပျောက်ဆုံး၍နေကာ ရှုပ်ထွေးမှုများဖြင့်အစားထိုးခြင်းခံလိုက်ရသည်။ယင်းက အလွန်ချစ်စရာကောင်းလေသည်။ဝေ့ချန်က မထိန်းနိုင်ဘဲ ချန်လီ၏ရှုပ်ပွနေသောခေါင်းကိုပို၍ပင်ရှုပ်ပွအောင်ပွတ်လိုက်ပြီး ပြုံးပြကာပြောလိုက်၏။"မောနင်း"
ချန်လီက ဝေ့ချန်ကိုကြည့်လာပြီး သူ၏ရှုပ်ထွေးနေသောမျက်လုံးများက တဖြည်းဖြည်းရှင်းလင်းလာပြီး ဝေ့ချန်၏ပုံရိပ်က ၎င်းတို့ထဲမှာ ကြည်လင်ပြတ်သားစွာပုံနှိပ်ထားလေသည်၊ခံစားချက်များကင်းမဲ့နေပေငြါးပင်။

YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Saturday မှာ တစ်ပတ်စာပေါင်းတင်ပေးပါမယ် (တစ်ပတ် ၃ပိုင်း)