💘Chapter 19
ရဲခေါ်လိုက်တယ်နွေလယ်မိုးက ဆိုင်းမဆင့်ဗုံမဆင့်ရွာချလာသည်။
ဝေ့ချန် ချန်မိသားစုအိမ်သို့ရောက်သောအခါ ရာသီဥတုက တိမ်ကင်းစင်၍ ကြည်လင်နေဆဲဖြစ်သည်။
ချန်မိသားစုအိမ်သို့ သူရောက်ပြီးမကြာခင်မှာပဲ မိုးသည်းထန်စွာရွာလာပြီး မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်လာကာ ဤငြိမ်သက်အေးချမ်းရမည့် နွေညကို အနည်းငယ်ဆူညံသွားစေခဲ့လေသည်။
ချန်မိသားစု၏ဧည့်ခန်းထဲတွင် ချန်ယွင်ရှန့်နှင့်ဝေ့ချန်က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး လေထုကအနည်းငယ်အေးခဲနေသည်။
ချန်ယွင်ရှန့်က ဝေ့ချန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ဤတစ်ခေါက်ဝေ့ချန် ဘာကြောင့်ရောက်လာသည်ကို သူမသေချာပေ။ဝေ့ချန်နှင့်ချန်လီ၏လက်ထပ်ပွဲအကြောင်းကို သူလည်းသိပေမဲ့ ယခုဝေ့ချန်ပုံစံကိုကြည့်ရသည်မှာ လက်ထပ်ပွဲကိုငြင်းရန်လာခြင်းဖြစ်ဟန်မတူပေ။
"ဒီကိစ္စမှာ ငါပေါ့လျော့ခဲ့မိတယ်"
ဝေ့ချန်၏ရည်ရွယ်ချက်များကိုသူမမှန်းဆနိုင်သော်လည်း ချန်ယွင်ရှန့်က ပြုံးနေဆဲဖြစ်လေသည်။"ငါက အခုမှအလုပ်ခရီးကနေပြန်ရောက်ပြီး ထမင်းစားဖို့ထိုင်ခါရှိသေးတယ်...ဆေးရုံကိုသွားပြီး ချန်လီကိုမကြည့်ရသေးဘူး...ချန်လီရဲ့အခြေအနေကို နားမလည်သေးဘူး...ဒါကအဖေတစ်ယောက်အနေနဲ့ငါ့ရဲ့ပေါ့ဆမှုပါ"
"ဦးလေး ပင်ပန်းသွားရပါပြီ"
ဝေ့ချန်က ချန်ယွင်ရှန့်ဘာကိုဆိုလိုသည်ကို မသိသကဲ့သို့ ချန်ယွင်ရှန့်၏စကားများအတိုင်း ရေလိုက်ငါးလိုက်ပြောပေးလိုက်သည်။ချန်ယွင်ရှန့်က သူ့အမှားကိုသူ့ဘက်ကနေစပြီးဝန်ခံသည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးဆိုလာသော်လည်း အမှန်တွင် သူက ဝေ့ချန်၏စကားများကိုဖြတ်ချကာ ချန်လီ၏အခြေအနေကို သူမသိသည်မျိုးမဟုတ်ပါဘဲ အလုပ်ရှုပ်လွန်း၍ ချန်လီ၏အခြေအနေကို ဂရုမစိုက်နိုင်ခြင်းဖြစ်ကြောင်း ဝေ့ချန်ကိုပြောနေခြင်းဖြစ်လေသည်။
သေချာသည်ပင်၊ဝေ့ချန်၏ယနေ့ရည်ရွယ်ချက်ကသာ သူ့ကို အသိပေးပြီး မေးခွန်းထုတ်ရန်ဖြစ်ပါလျှင် ဤစကားဝိုင်းက ချန်ယွင်ရှန့်၏'သူ့အမှားကိုဝန်ခံ'သည့်စကားများ၏ထိန်းချုပ်မှုအောက်လုံးလုံးလျားလျားရောက်သွားမှာဖြစ်လေသည်။သို့ပေမဲ့ ဝေ့ချန်၏ရည်ရွယ်ချက်က မေးခွန်းထုတ်ရန်ဟုတ်မနေပါချေ။သူတို့ကိုယ်သူတို့မှားသည်ဟုမထင်ကြသည့် ချန်မိသားစုက အခြားသူများကိုမေးခွန်းထုတ်ခွင့်မည်သို့ပေးပါလိမ့်မည်နည်း။ထို့ကြောင့် ဝေ့ချန်က ရောက်ရောက်ချင်း တန်း'စီရင်ချက်'ချလိုက်သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomantikTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday