Chapter 59

1K 132 0
                                    

💘Chapter 59
မုန်တိုင်းထန်သောမနက်ခင်းအစည်းအဝေး

မလုပ်မဆင်းခင်မှာ ဟဲခယ်ချမ်း ယခင်လအစီရင်ခံစာနှင့်ဤလ၏ပထမလဝက်အတွက် အစီရင်ခံစာများကို တင်​သွင်းခဲ့သည်။

ဝေ့ချန်က အစီရင်ခံစာကိုလက်ခံရရှိပြီးနောက် ဟဲခယ်ချမ်းကို ထွက်သွားခိုင်းလိုက်သည်။

ဤသည်က ကတိုက်တရိုက်ပြင်ဆင်ထားသောအစီရင်ခံစာမှန်း သိသာပြီး ဟာကွက်များပြည့်နေ၏။ဝေ့ချန် အကြိမ်ရေအနည်းငယ်ကြည့်ပြီးနောက် ဆက်မကြည့်နိုင်တော့ဘဲ တစ်ယောက်ယောက်ကို အစီရင်ခံစာအား ပြန်ပို့ခိုင်းလိုက်တော့သည်။

ပြန်​ရောက်လာသော အစီရင်ခံစာကို ရချိန်မှာ ဟဲခယ်ချမ်း၏မျက်နှာကြီးမည်း​မှောင်သွားသည်။အသစ်ခန့်အပ်ထားသောဒါရိုက်တာ၊ဝေ့ချန်၏ *တံမြက်စည်းအသစ် အမှိုက်ပြောင်အောင်လှည်းရေးက သူ့ကို ပစ်မှတ်ထားနေသည်ဟု သူစိတ်ထင့်နေမိသည်။
(T/N—အထက်လူကြီးအသစ်က ရာထူးအသစ်ကိုတာဝန်ယူရချိန်မှာ ရဲတင်းသော အပြောင်းအလဲများစွာလုပ်ခြင်း)

သို့သော်လည်း ဝေ့ချန်က ဟဲခယ်ချမ်း၏အတွေးများကိုဂရုမစိုက်ပါချေ။အလုပ်ဆင်းချိန်ရောက်သောအခါ သူက ချန်လီ၏လက်ကိုဆွဲပြီး ပြန်ရန်ပြင်လိုက်၏။သူကိုယ်တိုင်က အချိန်ပိုလုပ်ရသည်အားမကြိုက်သလို သူ၏လက်အောက်ငယ်သားများ အချိန်ပိုဆင်းသည်အားလည်း မကြိုက်ပါချေ။

ဒါရိုက်တာက အလုပ်ဆင်းချိန်ရောက်သောအခါ အချိန်မှန်အလုပ်ဆင်းသည်ကိုမြင်လျှင် မားကတ်တင်းဌာနက လုပ်ဖော်ကိုင်ဖက်များ အံ့အားသင့်သွားကြကုန်သည်။ခေါင်းဆောင်အသစ်တစ်ယောက်အနေဖြင့် ဒါရိုက်တာအသစ်က အချိန်ပိုဆင်းခြင်းဖြင့် စံနမူနာတစ်ခု​ပြလိမ့်မည်ဟုသူတို့ထင်ခဲ့သည်၊သို့ပေမဲ့ အံ့အားသင့်ဖွယ်ကောင်းစွာပဲ သူအချိန်မှန်အလုပ်ဆင်းသည်အား သူတို့မြင်လိုက်ရသည်။

ဝေ့ချန် တံခါးနားရောက်ချိန်မှာ ဤရုံးခန်းထဲက သူ၏လုပ်ဖော်ကိုင်ဖက်များက ​ပြန်မည့်လက္ခဏာမပြသည်ကို သတိပြုမိလိုက်သည်။သူက ရပ်ပြီးမေးလိုက်၏။

"မပြန်ကြဘူးလား"

"ပြန်လို့ရပြီလား...အချိန်ပိုမဆင်းရဘူးလား"

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now