💘Chapter 57
ဒါရိုက်တာအသစ်'ချန်လီက ခေါင်းညိတ်ခေါင်းခါလုပ်တယ်'
ဤနှစ်ရက်အတွင်းမှာ ဝေ့ချန်၏စိတ်ထဲမှာ ဤဝါကျနှင့်ပဲဲပြည့်နေခဲ့သည်။ခဏပြီးခဏ သူက ချန်လီကိုမေးခွန်းများမေးတတ်သည်။တစ်ခါတလေ ချန်လီက တိတ်ဆိတ်စွာပဲ ဝေ့ချန်ကိုကြည့်နေတတ်ပြီး တစ်ခါတလေခေါင်းညိတ်ခေါင်းခါလုပ်တတ်သည်။ထိုသို့ဖြစ်လေတိုင်း ဝေ့ချန်က မထိန်းနိုင်ဘဲ ချန်လီကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးလိမ့်မည်ဖြစ်သည်။
ခံစားချက်က သားဖြစ်သူလမ်းလျှောက်တတ်သွားသည်ကို သိရှိလိုက်ရသည့် ဖခင်တစ်ယောက်လိုပဲ အံ့ဩမှုများနှင့်ဂုဏ်ယူမှုများဖြင့်ပြည့်နေခဲ့သည်။သူ၏မျက်နှာကြွက်သားများက ခွင့်မပြု၍သာမဟုတ်လျှင်ဤရက်ပိုင်းမှာ ဝေ့ချန်၏မျက်နှာပေါ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုရှိနေမှာသေချာလေသည်။
ဝေ့ချန် အဘယ်ကြောင့် ဤမျှပျော်နေရသည်ကို ချန်လီနားမလည်ပေမဲ့ ဝေ့ချန်၏စိတ်အခြေအနေက ချန်လီကိုပါကူးစက်သွားခဲ့လေသည်။သူ ငြိမ်နေသည့်အချိန်များတွင် ချန်လီက သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ အချိန်ကုန်နေခြင်းမျိုးနည်းလာသည်။သူက အရူးလိုမျိုး ပျော်ရွှင်နေသည့်ဝေ့ချန်ကိုကြည့်လိမ့်မည့်ဖြစ်ပြီး ထို့နောက်မှာ ဝေ့ချန်က သူ့ကို မေးခွန်းများမေးကာ သူကခေါင်းညိတ်ခေါင်းခါလုပ်၍ တုံ့ပြန်လိမ့်မည်ဖြစ်သည်။
သူ ခေါင်းညိတ်ခေါင်းခါလုပ်သရွေ့ ဝေ့ချန်ကအလွန်ပျော်သွားတတ်သည်ကို ချန်လီသတိထားမိလေသည်။
"လီလီ ကိုယ်ပျော်လိုက်တာကွာ"
ဝေ့ချန်က ထပ်ပြီး ချန်လီကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ နားနားမှာကပ်၍ တိုးဖွဖွပြောလိုက်၏။"လီလီခေါင်းညိတ်ခေါင်းခါလုပ်ပြီး လီလီရဲ့ဆန္ဒတွေကို ဖော်ပြနိုင်လို့ ကိုယ်အရမ်းပျော်တယ်...ဒါပေမဲ့ လီလီသိရမှာက ဘဝက ဟုတ်တယ်မဟုတ်ဘူးဆိုတာလေးနဲ့ပြီးမသွားဘူး...ဆန္ဒရှိတယ်မရှိဘူးဆိုတာနဲ့ မဖော်ပြနိုင်တဲ့အရာတွေလည်း အများကြီးရှိတယ်...တစ်နေ့မှာ လီလီရဲ့အတွင်းစိတ်ထဲကအတွေးတွေကို နှုတ်ကနေထုတ်ပြီး ကိုယ့်ကိုပြောပြနိုင်မယ်လို့ ကိုယ်မျှော်လင့်တယ်"
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday