💘Chapter 6
ချန်မိသားစုကအရူးယဥ်ယဥ်ကျေးကျေးပြောရမည်ဆိုလျှင် ချန်လီက အော်တစ်ဇင်ရောဂါသည်တစ်ယောက်ဖြစ်ပြီး ရိုင်းရိုင်းပြောရလျှင် ချန်လီက အရူးတစ်ယောက်ဖြစ်၏။အနည်းဆုံး ချန်မိသားစုကပင်ထိုသို့တွေးကြသည်။
ချန်လီ၏တည်ရှိမှုက ချန်ယွင်ရှန့်အတွက် သူ၏ဖောက်ပြန်မှု၏သက်သေဖြစ်ပြီး သူ၏ပြီးပြည့်စုံသောအိမ်ထောင်ရေး၏အမဲစက်တစ်ခုဖြစ်လေသည်။
မစ္စချန်အတွက်မူ သူက သူမနှလုံးသားထဲရှိ ဆွဲနှုတ်၍မရသောဆူးတစ်ချောင်းဖြစ်လေသည်။ချန်လီကို ချန်မိသားစုအပြင်ဘက်ဆွဲမထုတ်သည်ကပင် မစ္စချန်၏ကြင်နာမှုဖြစ်နေပြီဖြစ်လေရာ သူမက မည်သို့
ချန်လီကိုကောင်းကောင်းဆက်ဆံနိုင်ပါ့မည်နည်း။ချန်မိသားစုထဲမှာ ချန်လီ၏အဆင့်အတန်းက ဘာဆိုသည်နှင့် သူမည်သို့ဆက်ဆံခံရသည်က သိသာပေသည်။
မသက်ဆိုင်သော အပြင်လူများအတွက်မူ ယခုလိုအရူးကို အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးခဲ့သည်နှင့်ပင် ကြင်နာရာကျနေပြီဖြစ်သည်။
သို့ရာတွင် သူတို့က အရွယ်ရောက်သည်အထိပဲ ပျိုးထောင်ပေးခြင်းဖြစ်လေသည်။ယခု ချန်လီအသက်နှစ်ဆယ်ပြည့်ခါရှိသေး သူတို့က ချန်လီကိုသူများအိမ်ထဲလက်ထပ်ဝင်ခိုင်းရန် တွေးနေကြပြီဖြစ်၏။သို့ပေမဲ့ ဤသည်ကလည်းဘာမှမမှားပါချေ။အသုံးဝင်သောလူချမ်းသာအရူးတစ်ယောက်အတွက် တစ်ခုတည်းသောတန်ဖိုးက စီးပွားရေးအရလက်ထပ်ခြင်းဖြစ်၏။သို့သော်လည်း ယင်းက တစ်စုံတစ်ယောက်က ထိုအရူးကိုလက်ထပ်ချင်ဦးမှပင်။
ချန်မိသားစုက ဝေ့မိသားစုနှင့် မည်သည့်သဘောတူညီချက်များ ပြုလုပ်ခဲ့သည်မသိ။ဝေ့မိသားစုက အမှန်တကယ်ပင် ဝေ့မိသားစု၏လူငယ်မျိုးဆက်ထဲက အထူးချွန်ဆုံး ဝေ့ချန်ကို ချန်လီနှင့်လက်ထပ်ပေးရန်သဘောတူလိုက်သည်။
လူအိုကြီးဝေ့ ဘာတွေးနေလဲ ဘယ်သူမှမသိကြပေ။အပြင်လောကမှာ ထင်မြင်ချက်အမျိုးမျိုးရှိနေကြသည်။ဖြစ်နိုင်ချေအရှိဆုံးက ဝေ့ချန်က လူအိုကြီးဝေ့ကို တစ်နေရာရာမှာ သွားဆန့်ကျင်မိ၍ ဟိုကလက်ထပ်ပွဲကို ကာဗာယူပြီး ဝေ့ချန်၏အမွေဆက်ခံခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်မည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday