💘Chapter 29
အတူတူအိပ်ခြင်းချန်လီဆေးရုံတက်စဥ်က ဝေ့ချန်က ချန်လီ၏လူနာဆောင်ထဲမှာ ချန်လီကိုနေ့ရာညပါဂရုစိုက်ပေးခဲ့ပြီး လဝက်လုံးလုံး အခန်းတစ်ခုထဲမှာအတူတူရှိနေခဲ့ကြသော်လည်း အခန်းထဲ၌ လူကြီးတစ်ယောက်ကောင်းကောင်းအိပ်၍ရသည့် ဆိုဖာတစ်လုံးရှိသဖြင့် တကယ်တမ်းမှာ အိပ်ရာတစ်ခုတည်းကိုမျှသုံးခြင်းဟု သဘောထား၍မရပါချေ။
သို့ပေမဲ့ ယနေ့က ကွဲပြားသည်။
သူတို့က လက်ထပ်မှတ်ပုံတင်ပြီးပြီဖြစ်လေသည်။ဝေ့မိသားစုရှိဝေ့ချန်၏အခန်းထဲမှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးပဲရှိသည်။
ထို့အပြင် ချန်လီကပတ်ဝန်းကျင်အသစ်တစ်ခုမှာရောက်နေသဖြင့် ဝေ့ချန် ချန်လီကိုတစ်ယောက်တည်းထားခဲ့ပြီး ချန်လီ၏ခံစားချက်များကို လျစ်လျူရှုကာ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းသွားမအိပ်နိုင်ပေ။
ထို့ကြောင့် အိပ်ရာအတူတူမျှဝေခြင်းက
ဝေ့ချန်နှင့်ချန်လီ ဤည အတူတူရင်ဆိုင်ရမည့် ပြဿနာ ဖြစ်လေသည်။"လီလီ ကိုယ်တို့ဒီညအတူတူအိပ်ကြရင်ကောင်းမလား"
ချန်လီကို ညဝတ်အင်္ကျီလဲရန်တိုက်တွန်းပြီးနောက် ဝေ့ချန်က ချန်လီ၏ခေါင်းလေးကိုပွတ်ကာ စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့်ပြောလိုက်သည်။
ချန်လီက ဝေ့ချန်ကိုစိုက်ကြည့်လာပြီး သူ့မျက်လုံးများက ကြည်လင်သန့်ရှင်း၍နေကာ ဘာညစ်ညမ်းမှုမှမတွေ့ရပေ။ထိုမှသာ ဝေ့ချန်တစ်ယောက် အိပ်ရာတစ်ခုတည်းမှာအတူတူအိပ်သည်တို့ဘာတို့က တစ်ခုခုမှားနေသည်ဟုတွေးနေသူက သူတစ်ယောက်တည်းဖြစ်ကြောင်း ခံပြင်းစွာနှင့်တွေ့ရှိသွားခဲ့ရလေသည်။ချန်လီ၏စိတ်က ဖြူစင်သန့်ရှင်းပြီး ထိုသို့သောကိစ္စမျိုးကို နည်းနည်းမှမသိပေ။
ဤသို့တွေးလိုက်သောအခါ ဝေ့ချန်၏နှလုံးသားထဲက အပြစ်ရှိစိတ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ဟုတ်သည်၊အိပ်ရာတစ်ခုတည်းမှာအတူတူအိပ်ရုံဖြစ်သည်၊တကယ်ကို ဘာမှတွေးပူစရာလိုမနေပေ။
"အိပ်ဖို့အချိန်ရောက်ပြီ"
ဝေ့ချန်က ပြောလိုက်ပြီး စောင်ကိုလှပ်ကာ ချန်လီကိုဝင်လှဲခိုင်းလိုက်သည်။ချန်လီက လိမ်လိမ်မာမာဖြင့် ဝင်လှဲပြီး မျက်လုံးများက ဝေ့ချန်ကိုစိုက်ကြည့်နေဆဲဖြစ်လေသည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday