💘Chapter 49
ဝူဇီခန်းဝူဇီခန်းက ဝေ့ချန်အတွက် ဘောင်းဘီတစ်ထည်အတူတူစွပ်ပြီး ကြီးလာသောငယ်သူငယ်ချင်းဟုဆိုရမည်ဖြစ်သည်။သူက ဝေ့ချန်အယုံကြည်ရဆုံးသူငယ်ချင်းဖြစ်၏။သို့ပေမဲ့ ဝေ့ချန်၏ အရင်ဘဝတုန်းက ထိုသို့သော"ယုံကြည်ရသောသူငယ်ချင်း"တစ်ယောက်က ဝေ့ချန်ကို အထိမိဆုံးရိုက်ချက်အကြီးကြီးတစ်ခုကို ပေးခဲ့လေသည်။
ဝေ့ချန် ပြန်လည်မွေးဖွားလာသည်ကနှစ်လကျော်ပြီဖြစ်သည်။ပြီးခဲ့သည့်နှစ်လအတွင်းမှာ ဝေ့ချန် ဝူဇီခန်းကို တစ်ခါမှ သူ့ဘက်ကနေ သွားမဆက်သွယ်ခဲ့ပေ။သူ့ရင်ဘက်ထဲကဒေါသကိုမထိန်းချုပ်နိုင်ဖြစ်ပြီး နောက်တရစရာကိစ္စများလုပ်မိမှာသူစိုး၍ဖြစ်သည်။
ဝူဇီခန်းကိုထိခိုက်အောင်လုပ်မိမှာစိုး၍မဟုတ်ဘဲ သူ၏ ကားမတော်မတမှုကနေ သူ၏သေဆုံခြင်းအထိ သူ့နောက်ကွယ်မှာ ဤအရာများအားလုံးဖြစ်ပျက်အောင် တိတ်တိတ်လေးတွန်းပို့နေသည့်လက်တစ်စုံရှိနေသည်ဟု ဝေ့ချန်ခံစားနေရ၍ဖြစ်လေသည်။
ပြန်လည်မွေးဖွားလာပြီးနောက် ဝေ့ချန် သူ၏တစ်ဒင်္ဂဒေါသအတွက်ကြောင့်နှင့် ဝူဇီခန်းကိုလုံးလုံးလျားလျားကြီး ဘက်ပြန်(ကန်ထုတ်)မှာမဟုတ်ပေ။သူ့အရင်ဘဝတုန်းက သူ့ကိုသတ်ချင်ခဲ့သည့်နောက်ကွယ်ကလူကို ရှာရန်လည်း ဝူဇီခန်းကို သုံးချင်သေးသည်။
ပြန်လည်မွေးဖွားလာသော်လည်း ဝေ့ချန် သူ၏အရင်ဘဝကသေဆုံးမှုကို မရှင်းမလင်းမဖြစ်စေချင်ပေ။
ဖုန်းသံက ဆက်ပြီးမြည်နေသည်။ချန်လီက ဝေ့ချန်၏စိတ်အခြေအနေပြောင်းလဲသွားသည်ကိုခံစားမိ၍ဖြစ်မည်။သူက လက်လှမ်း၍ ဖုန်းကိုချပစ်လိုက်လေသည်။
ချန်လီ၏လုပ်ရပ်က ဝေ့ချန်ကိူအသိစိတ်ပြန်ဝင်လာစေခဲ့သည်။သူက ကျသွားသောဖုန်းကိုကြည့်ပြီး ချန်လီကိုကြည့်လိုက်၏။ချန်လီကလည်း သူ့ကိုကြည့်နေသည်။ချန်လီ၏မျက်လုံးများထဲမှာဘာခံစားချက်မှမရှိပေမဲ့ ဝေ့ချန် ချန်လီဘာကိုဆိုလိုသည်ကို တန်းသိလိုက်လေသည်။
သူ မထိန်းနိုင်ဘဲ ပြုံးလိုက်မိကာ နူးညံ့စွာပြောလိုက်သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday