💘Chapter 47
ဝေ့အိမ်ကနေထွက်ခွာခြင်းဝေ့ချန်က မနာပါဘူးဟုပြောပြီးပြီဖြစ်သော်လည်း ချန်လီ၏လက်က ဝေ့ချန်၏ပါးပေါ်ကမခွာသေးပါချေ။သူ၏လက်ချောင်းထိပ်များက ဝေ့ချန်၏ပါးပြင်ပေါ်မှာ ညင်သာစွာရွေ့လျားနေ၏။၎င်းနောက် သူကခြေဖျားထောက်ရပ်လိုက်ပြီး နှုတ်ခမ်းလေးစုဝိုင်းကာ ဝေ့ချန်အရိုက်ခံထားရသည့်နေရာပေါ်ကို ညင်ညင်သာသာ မှုတ်ပေးလာသည်။
သူ့မျက်နှာပေါ်က အာငွေ့နွေးနွေးကြောင့် ဝေ့ချန် သူ့တစ်ကိုယ်လုံးရှိအမွှေးများထောင်လာသလို ခံစားလိုက်ရသည်။သူ့အကြည့်တို့ကို အောက်ပို့လိုက်ချိန်မှာ ချန်လီ၏မျက်တောင်ရှည်ရှည်လေးများနှင့်နှာတံလှလှလေးကိုသူမြင်လိုက်ရ၏။အပူလှိုင်းတစ်ခုက တစ်ကိုယ်လုံးပျံ့နှံ့လာပြီး ရေငတ်လာသလိုခံစားလိုက်ရကာ သူ့ကိုယ်ထဲမှာ လျှပ်စီးကြောင်းတစ်ခုစီးဆင်းနေသည့်အတိုင်း တစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့လေသည်။
'ဒါက တကယ်ကို ချိုမြိန်သောနှိပ်စက်ခြင်းပဲ'
ဝေ့ချန်တွေးလိုက်၏။"တကယ်အဆင်ပြေပါတယ် လီလီရဲ့"
ဝေ့ချန်က မသိမသာဖြင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။သူ့နှလုံးသားထဲမှာ ၎င်းကို သူတကယ်ဆက်ပြီးခံစားချင်နေပေမဲ့ သူ၏ဆင်ခြင်တုံတရားက သူ့ကိုနောက်ပြန်ဆုတ်စေခဲ့သည်။အကြောင်းမှာ ဆင်ခြင်တုံတရားက သတိပေးချက်တစ်ခုထုတ်နေပြီဖြစ်ရာ နောက်ပြန်မဆုတ်လျှင် ဆင်ခြင်တုံတရားကလည်း သူ၏တစ်ကိုယ်ကောင်းဆန်သောလိုအင်ဆန္ဒများ၏စေရာအတိုင်းလိုက်ကာ ထွက်ပြေးသွားလိမ့်မည်ဖြစ်သောကြောင့်ပင်။
ချန်လီက ခေါင်းလေးစောင်းလိုက်ပြီး ဝေ့ချန်ဘာကြောင့်ရှောင်ချင်ရသည်ကို နားမလည်ဖြစ်နေ၏။သို့ပေမဲ့လည်း သူက ဆက်ပြီးအနားကပ်မသွားတော့ဘဲ ဝေ့ချန်ကိုပဲ တောက်လျှောက် စိုက်ကြည့်နေသည်။သူ့မျက်ဝန်းများထဲမှာ ဘာခံစားချက်မှမရှိသော်ငြား ဝေ့ချန်သူ၏ဝမ်းနည်းသွားမှုကိုခံစားရနိုင်လေသည်။
ဤအခိုက်အတန့်တွင် ဝေ့ချန်၏နှလုံးသားက ဝါဂွမ်းစိုင်တစ်ခုအလားထိပျော့ပြောင်းနူးညံ့သွားသည်ဟုဆိုနိုင်၏။၎င်းက ဖောင်းကြွကာနွေးထွေး၍နေကာ သူ့မျက်လုံးများကို မသိလိုက်ပါပဲပြုံးမိစေခဲ့လေသည်။သူက လက်ဆန့်ကာ ချန်လီ၏ ခေါင်းလေးကို ပွတ်ပြီး နူးညံ့စွာပြောလိုက်သည်။
YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday and Saturday