Chapter 38

1K 187 4
                                    

💘Chapter 38
ငယ်ရွယ်၍အလေးအနက်မထားခြင်း

၁၈နှစ်၊ ၁၉နှစ် အသက်အရွယ်အပိုင်းအခြားက ငယ်ရွယ်ကာ အလေးအနက်မထားတတ်သော အသက်အရွယ် ဖြစ်သည်။

သင်က  နှလုံးသားထဲတွင် ကြောက်ရွံ့နေသော်လည်း သင်၏ မျက်နှာပေါ်တွင် မပြသချင်ပေ။ သင်က ဟန်ဆောင်ကာ  ကြမ်းကြုတ်သော အမူအရာကိုပင် ပြသမိလိမ့်မည်။ သင်၏ ပါးစပ်ကို မထိန်းချုပ်နိုင်ပေ။ မည်သည့်စကားလုံးများက မပြောသင့် မပြောအပ်ကြောင်း သိသော်လည်း ၎င်းတို့ကို ပြောမိခြင်းမှ မထိန်းချုပ်နိုင်ပေ။

‌ကျိုးကျော့ရန်၏ သူငယ်ချင်းကလည်း ထိုနည်းတူပင်။ သူက ချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့ပြီး ကလေးအရွယ်မှစ၍ ဂရုတစိုက်ဖြင့် ယုယုယယ ပျိုးထောင်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဤအချိန်၌ ဝေ့ချန်၏ အေးစက်စက်မျက်လုံးများအား သူ မြင်ခဲ့သော်လည်း သူ၏ ရင်ဘတ်ကို မတ်ထားဆဲဖြစ်ကာ ဝေ့ချန်ကို အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

"ဘာလဲ...မင်းက လူတွေကို အမှန်တရားကို ပြောခွင့်မပြုဘူးလား...အရူးက အရူးပဲ...လူတွေက မပြောကြတာနဲ့ဘဲ သူ့ကို ပုံမှန်ဖြစ်အောင် မလုပ်ပေးနိုင်ဘူး..."

ကျိုးကျော့ရန်က ရှင်းမပြနိုင်တော့ဘဲ သူ၏ သူငယ်ချင်းကို ငေးကြည့်ခဲ့ပြီးနောက် ဝေ့ချန်ကို ကြည့်လိုက်သည်။ ဝေ့ချန်၏ မျက်လုံးများနှင့် တွေ့သည်နှင့် ကျိုးကျော့ရန်က ဤလူက ကိုင်တွယ်‌ဖြေရှင်းရန် လွယ်ကူသူ မဟုတ်ကြောင်း သိလိုက်၏။ သို့သော် အဆုံးမှာတော့ သူ သည်လည်းငယ်ရွယ်၍ အလေးအနက်မထားတတ်ပေ။

ဤအချိန်က သူ၏ ပန်းချီကျွမ်းကျင်မှုများကို ပြသရန် အချိန် ဖြစ်သည်ဟု သူထင်လိုက်သည်။ သူ့ သူငယ်ချင်း ပြောသော အရူးက ဤနေရာ၌ အချိန်ဖြုန်းနေခဲ့လျှင် သူက ဤရှားပါးသော အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။

ထို့နောက် ကျိုးကျော့ရန်က သူ၏ သူငယ်ချင်းကို ရပ်တန့်ရန် မပြောခဲ့ဘဲ သူ၏ မကျေနပ်မှုကို ပြသရန် ချန်လီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ဝေ့ချန်က ထိုနှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး သူတို့ကို ဂရုမစိုက်တော့ပေ။ သူ ပြန်လည်မွေးဖွားလာချိန်အတွင်း သူ၏ နှလုံးသားထဲ၌ မီးတောက်တစ်ခုကို ဆုပ်ကိုင်ထားခဲ့သောကြောင့် သူက ဝေ့မိသားစုအိမ်တွင် ထိုသို့ ပြုမူခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဝေ့ချန်၏ စိတ်ခံစားချက်များက တဖြည်းဖြည်းချင်း အနည်ကျသွားခဲ့ပြီး မဆိုင်သောသူများက မဆိုင်သော ကိစ္စအချို့ကို ပြောခဲ့လျှင်ပင် သူက ဂရုစိုက်မနေပေ။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now