Chapter - 13 [ကျွန်မက သမားတော်တစ်ယောက်ပါ]

843 101 0
                                    

Chapter - 13 [ကျွန်မက သမားတော်တစ်ယောက်ပါ]

#Unicode

ကျောင်းချင်ကျုံးက သူ့လက်သီးကိုဆုပ်ကာ သူ့ပုံစံက ချူကျင်းဇီကိုအချိန်မရွေး ပြေးရိုက်တော့မယ့်ပုံပေါ်နေခဲ့သည်။ "မင်းဘယ်သူ့ကို သူရဲဘောကြောင်နေတယ်လို့ လာခေါ်နေတာလဲ!"

"ရှင်လေ" ချူကျင်းဇီက အေးအေးဆေးဆေးပဲပြောလိုက်သည်။ "သူကရှင့်ရဲ့မိန်းမပဲ...သူမအနိုင်ကျင့်ခံနေရတာကို မကူပေးတဲ့အပြင် အနိုင်ကျင့်ဖို့ပါခွင့်ပြုထားသေးတယ်...ရှင်ကယောက်ျားတစ်ယောက်တဲ့လား"

အကြောင်းအရင်းတချို့ကြောင့် သူမရဲ့နောက်ဆုံးစကားက သူ့ကိုအနာပေါ်တုတ်ကျသွားစေသည်။ ထိုသူက ရှူးရှူးရှားရှားဖြစ်ကာ "ချူကျင်းဇီ မင်းက အခြားသူကမလိုချင်လို့ စွန့်ပစ်တာ ခံထားရတဲ့သူတစ်ယောက်ပဲ...မင်းမှာငါ့ကို အဲဒီပြောဖို့အရည်အချင်းရှိလား"

ချူရုံက သူမဘက်ကနေချက်ချင်း ရပ်တည်ပေးလိုက်ပြီး "ဘယ်သူက ငါတို့ကျင်းဇီကို တစ်ယောက်မှမလိုချင်ဘူးလို့ လျှောက်ပြောထားတာလဲ...ငါ့တို့အားလုံးကသူမရဲ့မိသားစုပဲ"

ကျောင်းချင်ကျုံးက နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်တော်က သူ့ရဲ့မွေးစားမိဘတွေကိုပြောနေတာ...သူတို့ကကောင်တီမှာ ချမ်းသာကြတယ်မလား...ဒါပေမယ့် သူတို့မလိုချင်တဲ့အချိန်ကျ သူမကိုခွေးတစ်ကောင်လိုနှင်ထုတ်လိုက်တယ်လေ...သူမက ကိုယ့်ကိုကိုယ် သခင်မလေးတစ်ယောက်လိုပြောနေတာပဲ..ဟက်!"

ချူကျင်းဇီရဲ့အမူအရာက ပိုပိုအေးစက်လာခဲ့သည်။ မူလပိုင်ရှင်သာ ထိုအရာကိုကြားသွားခဲ့ရင်  ထပ်ပြီးသူ့ကိုယ်သူသတ်သေလိမ့်မယ် "ကျွန်မက ခွေးတစ်ကောင်ဟုတ်လား မဟုတ်ဘူးလားဆိုတာ အရေးမကြီးပါဘူး...ရှင်ကသာ ခွေးထက်ဆိုးရွားနေတာပဲ"

"မင်း!!!"

"မင်း ဘာဖြစ်လဲ...ရှင့်ရဲ့မိန်းမကို ကိုယ်ဝန်မရနိုင်လို့ဆိုပြီး အပြစ်တင်နေကြတာမလား"

ကျောင်းရှုဟွာက သူမတစ်ခုခုကိုပြောချင်နေတယ်ဆိုတာ သတိထားမိတာကြောင့် မေးလိုက်သည်။

"မင်းဘာကိုပြောချင်တာလဲ"

"ရှင့်သားကို မေးလိုက်လေ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now