မိတ်ဆက်

24.1K 720 54
                                    

{Unicode}

... ဘယ်လိုလွှတ်မြောက်မလဲ?"

International Hospitality & Tourism University

သူတို့ ကျောင်းဘက်ကို တစ်ချက်ငေးကြည့်လိုက်ပြီး လမ်းဘေးမှာ ကားကို ချရပ်ထားလိုက်မိသည်။

တခြားကောင်တွေ သူငယ်ချင်းတွေ အကုန်လုံးက ကူညီမယ် ပြောပေမယ့် မခေါ်လာမိခဲ့...။ သူတို့နဲ့ဆို မသိရင် ပြန်ပေးဆွဲတာမျိုး ဖြစ်သွားလိမ့်မှာ စိုးတာပင်။

ကားတံခါးကို ဖွင့်ကာ ဆေးလိပ်ကို သောက်ကာ စောင့်နေမိလိုက်သည်။ မကြာမီပင် သူတို့ကျောင်းဘက်မှ အတန်းဆင်းလာသည့် မြင်ကွင်းကို တွေ့ရချိန်မှာတော့ လက်ထဲက ဆေးလိပ်ကို ဖိချေကာ ငြိမ်သက်လိုက်မိသည်။ ခေါင်းပေါ်မှ beanie ကို တစ်ချက် ပြန်ဆွဲကာ ပြန်ဆောင်းမိလိုက်သည်။

ထို့နောက် ကားကို အဆင်သင့်စက်နိူးလိုက်ပြီး တစ်ဖက်သို့ ချိုးကွေ့ကာ အသင့်စောင့်ဆိုင်းနေမိသည်။

မကြာမီပင် ရည်ရွယ်ထားသူက အေးအေးဆေးဆေးလေးပင် ထွက်လာသည့် အချိန်မှာတော့... ကားတံခါးကို ဖွင့်ကာ အပြင်သို့...

သူကတော့ ကိုယ့်ကို တွေ့သည်နှင့် ရုတ်တရက် ထိတ်လန့်သွားပြီး ခြေလှမ်းတို့ကာ အယောင်ယောင် အမှားမှား...

"ဘာမှမလုပ်ဘူး... လိုက်ပို့ရုံလေး... အေးအေးဆေးဆေး လိုက်ခဲ့..."

အနည်းငယ် အသံငြိမ်ငြိမ်ဖြင့်ပင် ခေါ်လိုက်သည့် အချိန်မှာတော့ သူက ကြောက်ရွံ့မှုကြောင့် ထင်သည် ကားပေါ်သို့ တက်ဖို့ ပြင်သည်။

ကားပေါ်ကို တက်ဖို့ ရည်ရွယ် နောက်ခန်းတံခါးဖြစ်နေသည်မို့... တစ်ဖက် မောင်းနှင်သည့် ဘက်ကို ရောက်နေသည့် ကိုယ်က ချက်ချင်းဆိုသလို နောက်ခန်းတံခါးထဲ ဝင်နေသည့် သူ့ကို ဆွဲခေါ်လိုက်မိသည်။

ချက်ချင်းဆိုသလို နောက်ခန်းတံခါးကို ဖွင့်လိုက်ကာ... ခြေထောက်ဖြင့် နှစ်ချက်လောက် ကန်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို နောက်ခန်းတံခါး ကျိုးပဲ့စုတ်ပြတ်သွားသည်။ ကျိုးလည်း မတတ်နိုင်တော့ ပြီးမှ Dad ကို ကားပြောင်းခိုင်းရမည် ဖြစ်သည်။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now