..ယိမ်းချင်ယိမ်း
ဒီကောင့်ဆီ ယိမ်း...****
နံနက်ပိုင်း...
"ဟဲ့... အဲ့ဒီကောင်လေးက ဇွန်ပန်းဝေရဲ့ သားမဟုတ်လား?"
"ဟုတ်တယ်လေ... မခင်ရဲ့... သူ့အမေက သူငယ်ငယ်လေးကတည်းက တရုတ်ဘက်ကို ထွက်သွားတာ။ အခုမှ သူ့အမေ မပါဘဲ ဘယ်လိုပြန်လာလဲ မသိဘူး။"
"ဒါနဲ့... အဲ့ဒီကောင်လေး အမေက ဟို... ယောင်္ကျားတွေနဲ့ တပူးတွဲတွဲ ရှိနေတာလား?"
"ဟုတ်တယ်နော်... အငှားရည်းစားဆိုလား? အငှားမယားဆိုလားပဲ... ။ ဒီကောင်လေးလည်း သူ့အမေလိုပဲ ဆိုလား? နှမျောတော့ နှမျောစရာ... ရုပ်က သူ့အမေထက်ကို အတော်လေးကို ချောတာ... ဟိုမှာဘာများဖြစ်ခဲ့လို့... ဒီမှာ ဒီလိုရွံ့နွံတောထဲကို... လာလုပ်ကိုင်နေတာလဲ မသိဘူး။ သူ့ကြည့်ရတာလည်း လုပ်တတ်မယ့်ပုံလည်း မပေါ်ပါဘူး... ဒါပေမယ့် ဇွဲတော့ ရှိတယ်..."
"ဒါနဲ့... သူက..."
စကားတောင် မဆုံးသေး...
"စကားလည်း ပေါ... မြန်မြန်လည်း လုပ်ကြနော်..."
ကန်သင်းရိုးပေါ်မှာ ခါးကို ထောက်ကာ ကြည့်ရင်းမှ ပြောလာသည့် ငဦးသား အကြီးဆုံး...
တကယ်ပါပဲ... ငဦးပုံစံပဲ... အငယ်လေးကသာ ပျိုးငယ်နဲ့ တူတာ...ချက်ချင်းဆိုသလို ပေါင်းနူတ်ရင်း စကားပြောနေသည့် မိမိတို့ကို တစ်ချက်ကြည့်ကာ... လယ်ကွက်ထဲသို့ ဆင်းလာသည်။ ထို့နောက်...
"အယ်... ပွေ့သွားတာလား?"
ဟုတ်ပါသည်... လယ်ကွက်ထဲမှာ အလုပ်လုပ်နေသည့် အဲ့ဒီကလေးကို ငဦးသားအကြီးဆုံးက ပွေ့သွားတာ...။
သူတို့နှစ်ယောက်က အမှားတစ်ခုဖြစ်ပြီး လက်ထပ်ထားကြတာ... အဲ့ဒါကြောင့် အခြေအနေက စိမ်းသက်သက်ပါပဲ...။ ပတ်ဝန်းကျင်က ပြောတာတော့... ဇွန်ပန်းဝေရဲ့ သားက အမိဖမ်းတာမျိုးဆိုလား?
သေချာတော့ မသိပေမယ့် သူတို့က မချစ်ဘဲ ယူခဲ့ကြတာတော့ သေချာပါသည်။
တဲတစ်ဖက်ရပ်အမှီပါ... လယ်ကန်စွန်းရွက် သန်သန်နှင့် ငရုတ်သီးစိမ်း ၊ မှိုအငုံလေးတွေကို အရည်သောက် ချက်နေသည့် ဖြူဖြူဖွေးဖွေး သူ့ကို ကြည့်ပြီး အားမရ ဖြစ်လာသည်။ မိမိက နားစေချင်လို့... ဒီအပေါ်ကို ခေါ်တင်ခဲ့ပေမယ့်... သူကတော့...
"..တောက်!.."
အဲ့လိုပါပဲ... အနမ်းကို သူက အမြဲတမ်း သူလုပ်ချင်ရာ လုပ်တာမျိုးပါပဲ...။ ဟုတ်သည် အနမ်းတို့က မချစ်ဘဲ ယူခဲ့ကြတာ... ကျန်တာတော့ မဟုတ်... အနမ်း လောက်ကိုင်ဘက်ကို မပြန်ဘဲ အမေ့အလုပ်ကို မလုပ်ဖို့ ဆိုရင်... အနမ်းမှာ ကာမပိုင်ရှိမှ ရမည်။ ဒါကြောင့်မို့ပင်... သူနဲ့ ယူဖို့အထိ... သူ့အမှားအပေါ်မှာ အခွင့်ကောင်း ယူလိုက်မိသည်။
သူကတော့ အနမ်းကို မုန်းတီးနေမှာ သေချာပင် ဖြစ်သည်။ အဲ့လိုပါပဲ... အနမ်းဘေးနားမှာ အနမ်းကို လိုချင်တဲ့သူတွေ များပေမယ့်... သူတို့က အနမ်းခန္ဓာကိုယ်ကို လိုချင်တာ... အနမ်းကို ချစ်လို့မဟုတ်ပါ။
သူ့အတွက်ကျတော့ အနမ်းက သူမချစ်သည့် လူအပြင် ယောင်္ကျားတစ်ယောက်...
သေချာတာကတော့ အနမ်းကို သူမုန်းနေမှာ အသေအချာပါပဲ။ပြီးတော့ သူက တစ်ခြားသူတွေလို အနမ်းရဲ့ ကိုယ်ခန္ဓာကို တပ်မက်ချင်တဲ့စိတ်မရှိ...
တောထဲက ပြန်လာပြီး ခြေထောက်ဆေး၊ ကိုယ်ရည်လက်ရည်သပ်... သူ့ခေါင်းပေါ်မှ နောက်ကို သိုင်းချည်ထားသည့် အဝတ်ကို ဖယ်ကာ အိမ်ပေါ်သို့ တက်သွားလေသည်။
အနမ်းကတော့ ခြေလက်ဆေးကာ အောက်ဘက်မှ ရှိနေသည့် အလုပ်များကို လုပ်ဖို့... သူ့အဝတ်အစားတွေကို လျှော်ပေးဖို့ သွားခဲ့ပေမယ့်..."ကျုပ်ဆီ မလာသေးဘူးလား?"
သားအကြီး ရည်ရွယ်တည်ပျိုး (seme)
အနမ်းခွင့်ဝေ Uke (ရှမ်းတရုတ် ဗမာ ကပြား)Seme<Uke
Genre: ဒါကတော့ married lifeကိုမှ ဆွေးတမြေ့မြေ့ ဖတ်ရမှာပါ။ ဖြစ်နိုင်တာက ဒီလိုthemeတွေ ရှိနိုင်ပေမယ့်... တတ်နိုင်သလောက် ကျုပ် ကွဲအောင် ကြိုးစားရေးပေးပါ့မယ်ဗျ။
Wed:7:July:2024:23:03PM
Hi အစ်ကိုတော်ပါ လုပ်ချင်တာ လုပ်သူကြီး 🤣
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။