အပိုင်း (၁၇)

11.1K 452 48
                                    

{Unicode}

... အရိုင်းဆန်စိတ်တွေ...

****

နောက်တစ်နေ့...

Ring~~~

ဖုန်းသံကြားချိန်မှာတော့ အစ်ကို့ရင်ခွင်ထဲမှ ထကာ ဖုန်းကို ကိုင်လိုက်မိတော့သည်။

📱...

"ဟယ်လို..."

"ဟယ်လို... ပါးပါးလား? အနမ်းပါ..."

တစ်ဖက်က နာမည်ကို ကြားလိုက်ချိန်မှာတော့ တစ်ချက်လောက် မျက်မှောင်ကျုံ့ကာ အိမ်ထဲမှာ အလုပ်လုပ်နေသည့် သားကြီးဖြစ်သူကို ကြည့်လိုက်မိသည်။

"ပြောလေ... သားအနမ်း...။ အဆင်ပြေတယ်မလား? အဆက်အသွယ်မရှိလို့ ပါးပါးစိတ်ပူနေတာ။ နေကောင်းတယ်မလား? ဖေဖေနဲ့ရော... တွေ့ပြီးပြီမလား?"

သိလိုသမျှ မေးခွန်းများကို အကုန်မေးလိုက်ချိန်မှာတော့ တစ်ဖက်မှ သားအနမ်းက...

"အနမ်း... အကြောင်းတွေ အများကြီး ရှင်းပြရဦးမယ် ပါးပါးရယ်။ အခုဖုန်းဆက်သွယ်တာကလေ..."

"ပြောလေ... သားအနမ်း"

"အနမ်း... အနမ်းလေ... ရည်ရွယ်တည်ပျိုးကို တင်တောင်းပါရစေ... ပါးပါး။"

"ဘယ်လို!!!"

စကားသံက အနည်းငယ်တောင် ကျယ်လောင်သွားခဲ့လား မသိတော့။ တစ်နေရာမှာ လယ်ထဲက စိုက်ခင်းထဲက ရေမြောင်းတွေ သန့်စင်ဖို့အတွက် တူရွှင်း၊ ပေါက်ပြားသွေးနေသည့် အစ်ကိုက တစ်ချက်ကြည့်လာသည်။

ထိုအခါမှပင် ပျိုးငယ်လည်း အစ်ကို့ဆီ သွားလိုက်ပြီး...

"သားအနမ်း..."

အံ့သြပြီး ထပ်ခေါ်မိတော့... တစ်ဖက်မှ သားအနမ်းက...

"ဟုတ်တယ်... အနမ်း... သူ့ကို ရနိုင်သေးလားဟင်? အနမ်း သူ့ကို နူတ်မဆက်ဘဲ ထွက်သွားတဲ့အတွက် သူကတော့ အနမ်းကို စိတ်ဆိုးနေမယ် ထင်တယ်။ အနမ်းလေ... သူ့ကို အထက်တန်းကတည်းက ချစ်ခဲ့တာပါ ပါးပါး။ သူကလွဲပြီး အနမ်း ဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး။ ဒါကြောင့်လေ... အနမ်း အခုဖေဖေ့ဆီက ခွင့်တောင်းပြီး ထွက်လာခဲ့ပြီ ပါးပါး..."

တကယ့်ကို အခုခေတ်ကလေးတွေများ ဇွတ်တရွတ်တေ​ွချည်းပါပဲ။
ဟူး...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now