အပိုင်း (၂၀)

10K 416 24
                                    

{Unicode}

... သူ့ကို ထိချင်တာလား?
အေး...
ထိရင် သတ်မှာ...။

****

ရက်အနည်းငယ် ကြာသော အခါ...

သီတင်းကျွတ် လဆုတ်...

လွန်ခဲ့တဲ့ ရက်တွေက ကထိန်ပွဲတော့ ပြီးသွားပြီ ဖြစ်သည်။ မကြာမီပင် တန်ဆောင်မုန်းလ ရောက်တော့မည်မို့ ရွာအနီးမှ ဘုရားပွဲတော်များ၊ ဆွမ်းတော် တင်ပွဲများ ရှိသည်။ ပြီးတော့ သီတင်းကျွတ်လ ကုန်ဖို့ပဲ ရှိသေးသည်။ အရမ်းကို ချမ်းအးနေပြီ ဖြစ်သည်။

ဒီနေ့မှာတော့ ပါးပါးတို့ အိမ်က ယာခင်းထဲ ကျဲထားသည့် စိုက်ပင်းငယ်များအကြားမှ ပေါင်းပင်များကို နုတ်ပေးရင်း... တောထဲကို လိုက်ပါမိသည်။

အရိပ်တစ်ခုအောက်မှာ ထမင်းထုပ်ကို ပြင်ဆင်ပေးနေရင်းမှ... ယာခင်းထဲမှာ ထွန်ကြောင်းပြနေသည့် သူ့ကို ငေးကာ ကြည့်နေမိတော့သည်။

သူကတော့ ဂျုံဦးထုပ်ကို မေးရိုးသိုင်းကာ ချည်ထားပြီး အပေါ်မှ ဖျင်ထည်လက်ရှည်၊ အောက်ဘက်မှ ပုဆိုးခပ်နွမ်းနွမ်းဖြင့်ပင်...။ သူလက်ထဲမှာ နွားနှစ်ကောင်၏ ကြိုးစများကို ကိုင်ကာ ကျန်တစ်ဖက်က နွားနှင်တံကို ကိုင်ထားသည်။ ပါးစပ်ကလည်း နွားများကို စေ့ဆော်သည့် အသံများကို ကြားနေရသည်။

သူ့ပုံစံကို ငေးကြည့်နေရင်းမှ ရွာမှာဒီအတိုင်း မနေဘဲ အလုပ်တစ်ခုဖြင့် ရှင်သန်ရပ်တည်ဖို့ ကြိုးစားရမည်။ ဖေဖေက ဟိုက စိုက်ခင်းတွေ မှန်သမျှ အနမ်းကို ပေးထားပေမယ့် အနမ်းကတော့ ဒီရွာမှာပဲ... အခြေကျဖို့ စဥ်းစားထားသည်မို့...

ညက ထိုအကြောင်းကို ဘွားကို တိုင်ပင်တော့... ဘွားက လှိုက်လှိုက်လှဲလှဲပင် လက်ခံလာပြီ... သူ့အိမ်ဝိုင်းသည့် အိမ်ကို ဖွယ့်အတွက် ပေးဖို့ ပြောလာသည်။

တကယ်တော့ အဘွားက အမေဇွန်ပန်းဝေရဲ့ အမေဖြစ်ပေမယ့်... သူ့သမီးက မွေးထားတာ မဟုတ်သည့် အနမ်းကိုတော့ အရမ်းချစ်တာပင် ဖြစ်သည်။ သံယောဇဥ်က ကြောက်စရာကောင်းပုံများ မြေးအရင်းတစ်ယောက်နဲ့ မခြားဖြစ်သည်။

တကယ်တော့ အဲ့ဒီအမွေမှန်သမျှက အမေပဲ ရသင့်ပေမယ့်... အမေက အနမ်းကို ပေးလိုက်ဖို့ ပြောသည်တဲ့...။ သူမအနေနဲ့ ဒီရွာကို ပြန်မလာချင်သလို... ဒီလိုခေါင်တဲ့နေရာမှာ သူကြာရှည် မနေချင်ဘူးတဲ့...။ ပြီးတော့ သူမက ဟိုမှာပဲ.. အိမ်ထောင်ပြုဖို့ စီစဥ်နေပြီဆိုတော့ ဘွားဘွားက သူ့သူငယ်ချင်း ရှိနေသည့် မန္တလေးက ရိပ်သာမှာ တစ်သက်လုံး ယောဂီအဖြစ်နဲ့ နေမလို့တဲ့...။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now