အပိုင်း (၂၂)

6.8K 321 25
                                    

{Unicode}

... တကယ်လို့
အချစ်သာ အပြစ်တစ်ခုဆိုရင်

****

နှစ်ရက်ခန့်အကြာ...

အိမ်မှာတော့ အငယ်လေးကိစ္စနဲ့ အတော်လေး ပြဿနာတွေ ဖြစ်ခဲ့သည်။ အငယ်လေးကို ဆက်သွယ်ပေးမယ့် အဆက်အသွယ်က မရတော့...။

အရှေ့ကျောင်းမှာ အလုပ်လုပ်သည့် အဖွဲ့အစည်းနဲ့ လိုက်ပါလာသည်မို့ သူတို့ဆီက ထိုကောင့်အကြောင်းကို စုံစမ်းမိသည်။ ဒါပေမယ့် တိုင်မယ်တောမယ်တော့ မလုပ်တော့... နိုမို့ဆို ကိုယ့်ပေါင်ကို လှန်ထောင်းသလို ဖြစ်နေလိမ့်မည်။

ထိုကိစ္စက ရွာထဲက တစ်ယောက်စကား တစ်ယောက်နားနဲ့ ပြောလို့ပင် မဆုံးတော့... အရှက်ကွဲတာမျိုးကတော့ ပြောစရာမရှိတော့။ အစကတည်းက အငယ်လေးက ယူချင်တယ်ဆို အိမ်က သဘောမတူလည်း ရအောင် ပေးစားရမှာမျိုးပင်။

အခုက ပြဿနာတွေက ပိုမိုရှုပ်ထွေးနေခဲ့သည်။ အိမ်က အငယ်လေးကို စိတ်ဆိုးပေမယ့် ဘာကိုမှ အမွေဖြတ်တာမျိုးတွေတော့ မလုပ်။ ဒါပေမယ့် လောလောဆယ်က အငယ်လေးကို ဆက်သွယ်လို့ မရတာပင် ဖြစ်သည်။

တောထဲက ပြန်လာပြီးသည်နှင့် ထိုအကြောင်းက အတွေးထဲ စိုးမိုးနေခဲ့သည်။ ဒါကြောင့် ထမင်းစားတာကိုပင် သက်ပြင်းတချချဖြင့်ပင်...

"ဘာကိုမှ မတွေးဘဲ ထမင်းကိုပဲ စားဖြစ်အောင် စားနော်...။ နောက်ကျ အကုန်လုံး အဆင်ပြေပါလိမ့်မယ်။"

သူက တွေးတောနေရင်း သက်ပြင်းတချချနဲ့မို့ သူ့ကို နှစ်သိမ့်ဖို့ ပြင်လိုက်မိတော့သည်။ ဖေကြီးကတော့ ပါးပါးရှိနေလို့ အဆင်ပြေနိုင်ပါသည်။ ဒီတော့ မောင့်ကိုသာ အနမ်း နှစ်သိမ့်ပေးဖို့ ပြင်နေမိတော့သည်။

"ဒါပေမယ့်-"

"မတွေးနဲ့တော့နော်... အားလုံး အဆင်ပြေသွားလိမ့်မယ်။ ခဏပဲ စောင့်ကြည့်လိုက်ပါ။"

"အဲ့ဒီကောင်ရော အငယ်လေးပါ အခု ပျောက်နေတာ...။ အငယ်လေးဆီကတောင် သတင်းအစအန မရဘူးဗျာ... မောင် အရမ်း စိတ်ပူတယ်...။ အငယ်လေးက အဆင်ပြေရဲ့လား မသိဘူး။ ပါးပါးရော မောင်ရော နောက်ဆုံး ဖေကြီးရော ရှိတာတောင် ဒီဘက်ကို လာခဲ့ရင် ပြောစရာမလိုတော့ဘူး။ အခုလို မျက်နှာပျက်စရာတွေလည်း ဖြစ်မှာမဟုတ်တော့ဘူး။ အခုက ဘာဖြစ်လို့ အဲ့ဒီကောင်ဆီ လိုက်ဖို့ ပြင်လိုက်တာလဲ?"

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now