အပိုင်း (၁၈)

10.3K 452 13
                                    

{Unicode}

... တစ်ခါတစ်လေမှာ
ခေါင်းစဥ်ကောက်တွေ
လွဲလွန်းလို့...။

****

နောက်တစ်နေ့...

မီးထွန်းတာ ပြီးသွားလေတော့... သီတင်းကျွတ် လပြည့်ကျော်ကနေ စ ပြီး ကထိန်ပွဲတွေ ရှိနေပြီ ဖြစ်သည်။
ရွာနီးနားချင်း ရက်အပြည့်ဆိုသလို အစဥ်လိုက် စ သွားရာမှာ ဒီနယ်ဘက်လည်း သိပ်ပြီးတော့ မလိုတော့...။

ဒါပေမယ့် သီတင်းကျွတ်တုန်းက လုပ်ခဲ့သည့် မုန့်ကို အစ်ကို့ကို မကျွေးလိုက်ရသည်မို့ စိတ်မကောင်းခဲ့။ ဒါပေမယ့် နောက်ပိုင်း မုန့်လုပ်အခုကျ အစ်ကို့ကို သေချာပေါက် ကျွေးဖို့ ပြင်ဆင်ထားမိတော့သည်။

မနေ့က အစ်ကိုက အချိန်မတော်ကြီး ဖွယ့်ကို ခေါ်ပေမယ့် သူကိုယ်တိုင်ပင် ဖွယ့်ကို မလာခိုင်းတာမို့ ဖွယ်လည်း အိမ်မှာပင် ရှိနေမိတော့သည်။ နေ့လည်ပိုင်းကျ ကျောင်းက လုပ်အားပေး ခေါ်ထားသည်မို့ ဖွယ် သွားရဦးမည် ဖြစ်သည်။ ဒါကြောင့်မို့ သီတင်းကျွတ်တုန်းက အစ်ကို့ကို မုန့်မကျွေးခဲ့ရတာမို့ နေ့လည်ပိုင်းကိုတော့ တစ်ခုခုယူသွားဖို့ ပြင်မိတော့သည်။

"ဖွယ်... အချောလေး... တောထဲကို ပို့မယ်ဆိုတဲ့ ထမင်းထုပ်လေး... အနမ်းကို ပေးလိုက်နော်။ အနမ်း သွားလိုက်မယ်။"

ဟိုက ပြန်လာပြီးသည်နှင့် ပါးပါးနှင့်ဖေကြီးကို ပါလာသည့် လက်ဆောင်များဖြင့်ပင် ကန်တော့ခဲ့ပါသည်။ ပြီးသည်နှင့် ပါးပါးနှင့်အတူ အနမ်း စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖို့ စီစဥ်ထားသည်ကို တိုင်ပင်တော့... ပါးပါးက သေချာလေး ပြောပြပေးသည်။ ပြီးတော့ အနမ်းကိုလည်း သေချာလေး ဂရုစိုက်ပေးတာမို့... အနမ်း အရာရာကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ပါးပါးဆီက တိုင်ပင်ပြီးသည်နှင့် မောင့်ဆီကို လိုက်ဖို့ ပြင်နေမိသည်။ မောင်က တောထဲကို သွားနေပြီး ထမင်းပို့စရာရှိသည်ဟု ပါးပါးကိုယ်တိုင် ပြောလာလေတော့ အနမ်းလည်း ထိုအခွင့်အရေးကို အသုံးချကာ မောင်နှင့်တွေ့ဖို့ ပြင်လိုက်မိသည်။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now