အပိုင်း (၅)

12.2K 579 32
                                    

{Unicode}

... ဒီကောင် တစ်ယောက်တည်းကပဲ
မင်းကို ထိပိုင်ခွင့်ရှိမယ့်
Right & Authorized ရှိချင်တာ....

****

ယခင်အပိုင်းမှ အဆက်...

"Habibi~~~"

သူ့ခေါ်သံနှင့်အတူ ကားကို လမ်းဘေးချရပ်ပြီးသည့် အချိန်မှာတော့ သူက ဖွယ့်လည်တိုင်ကနေ ဆွဲယူလိုက်ပြီး ချက်ချင်းဆိုသလို.... ဖွယ့်နူတ်ခမ်းတွေဆီသို့...

သူ အခုတစ်ခါ စုပ်ငင်ပြီး နမ်းရှိုက်နေသည်က အတော်လေးကို အားပြင်းသည်မို့ ဖွယ့်မှာ မလူးသာ... မလွန့်သာ ရှိနေမိသည်။

ရုန်းတော့ သူက စိတ်မရှိတော့ဘဲ ဖွယ့်ခန္ဓာကိုယ်ကို သူ့ပေါင်ပေါ်သို့ တင်ပြီးသည်နှင့်..

သူ့လက်တစ်ဖက်က ဖွယ့်ကျောကုန်းမှ သိုင်းကာ ဖွယ့်လက်နှစ်ဖက်လုံးကို လက်ကောက်ဝတ်မှ ကိုင်ထားသည်။ ကျန်သည့် သူ့လက်တစ်ဖက်ကတော့ ဖွယ့်နောက်ဂုတ်ပိုးမှ သိုင်းကာ.... အတင်းချုပ်ပြီး နမ်းတော့သည်။

ရှိသမျှ ခွန်အားတွေနဲ့ သုံးပြီး နောက်ဆုံး တစ်ကြိမ် ရုန်းခဲ့မိတော့...

"တော်တော့... တော်တော့လို့ ပြောနေတာ...။ ငါ့စိတ်ကို မဆွနဲ့... တစ်ခါတည်း ပြန်မပို့ပေးဘဲ ထားလိုက်မှာ... တွေးထားတဲ့ ငါ့အတွေးတွေကို အကောင်အထည်ပေါ်အောင် လုပ်မပေးနဲ့နော်... ရှုမငြီးဖွယ်ဦး... !!!"

"........"

"မင်းကို ငါ့အနားမှာပဲ ထားချင်သလို... မင်းကို ထိပိုင်ခွင့်ဆိုတာ ငါကလွဲပြီး တစ်ခြားသူတွေ ရမှာ မဟုတ်ဘူး...။ မင်း အနားကပ်မယ့်သူတွေ ဒုက္ခမရောက်ချင်ရင် ငါ့ကိုပဲ .... သီးသန့်ထား....။ ငါ့ရဲ့ Dark side ပေါ်လာအောင် မလုပ်နဲ့..."

နောက်ဆုံးမှာတော့ ဖွယ့်မှာ ဘာမှမလှုပ်နိုင်တော့ဘဲ သူလုပ်သမျှကိုသာ ငြိမ်ပြီး ခံနေရသည့်အထိ...

အတန်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးမှ ငြိမ်သွားသည်မို့ ခေါင်းပေါ်မှ သူ့ဆံပင်လေးတွေက ပြေကျကာ အောက်သို့ ဖရိုဖရဲ ကျဆင်းနေသည်။

ထုံးကာ စည်းနှောင်ထားခဲ့သည့် ကြိုးသေးသေးက ဘယ်နားကို ကျသွားသည်လဲ မသိတော့...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now