{Unicode}
... ရူးရူး မူးမူး...
****
နောက်တစ်နေ့...
ဒီနေ့ ကထိန် အမနေ့...
(ပွဲစကို အစနေ့ဟု ခေါ်ပြီး ပွဲမ- အဓိကနေ့ကိုတော့ ပွဲမလို့ သုံးပါသည်)
ဒီနေ့မှာတော့ ပါးပါးတို့က ဘုံကထိန်အတွက် ရွာဦးကျောင်း ဆရာတော်နှင့်အတူ ရွာကို ရွာရောက်လာသည့် အာဂန္နုကိုယ်တော်များအတွက် အချိုပွဲနှင့်အတူ... နေ့ဆွမ်းကိုလည်း တာဝန်ယူထားသည်မို့... အနမ်းတို့လည်း ကူလုပ်ပေးနေမိသည်။
ညကတည်းက စောစောခေါ်ထားပြီး ပါးပါးက အိမ်မှာပဲ အိပ်စေသည်။ အထူးသဖြင့်... ရည်ရွယ်ရဲ့ အခန်းထဲမှာတော့ အစတုန်းကတော့ အနည်းငယ် အင်တင်တင် ရှိနေခဲ့ပေမယ့် ပါးပါးကိုယ်တိုင်က အိမ်မှာ သူ့သားက ဆွမ်းကိစ္စနဲ့ ကျောင်းမှာပဲ ရှိလိမ့်မည်ဟု ဆိုလာတာမို့...
ပြီးတော့ တကယ်တမ်း ရည်ရွယ်နဲ့ ထိုကဲ့သို့ အခြေအနေဖြစ်ဖို့ပဲ အနမ်းက ပြန်လာခဲ့တာ မဟုတ်ဘူးလား? ဒါကို ဘာတွေများ ကြောက်နေမိသည်လဲ သေချာမသိ။ အဓိကတော့ အနမ်းကြောက်ရွံ့နေမိတာ သူ့ဘက်က သဘောထားဖြစ်နိူင်ပါသည်။
ဒီလိုလေး သူ့ဘက်က သဘောထားကို ပြတ်ပြတ်သားသား မကြားနိုင်တာကပဲ အနမ်း သူ့အနားမှာ နေဖို့ အဆင်ပြေတာမို့...။ နိုမို့ဆိုရင်... သူကိုယ်တိုင်က အနမ်းကို လက်မခံခဲ့ဘဲ နှင်ထုတ်ခဲ့ပါက အနမ်း ဘယ်လိုမျိုးခေါင်းစဥ်နဲ့ သူ့အနားကို နေရမလဲ သေချာမသိတာမို့လေ....။
ဒါကြောင့် ပါးပါးတို့အိမ်မှာ ကူလုပ်ပေးဖို့ ကြိုးစားရင်း သူ့အခန်းထဲမှာပင် ညအိပ်ခဲ့ရသည်။ သူပြန်လာသလား... ပြန်မလာသလား သေချာမသိသလို... ညက အနမ်းပင်ပန်းပြီး စောစောအိပ်သွားခဲ့သည်။
နံနက်ပိုင်းမှာတော့ ရွာဦးကျောင်းမီ လေးနာရီအချက်ပေးသည့် အုန်းမောင်းခေါက်သံကြောင့် အနမ်း နိုးလာခဲ့သည်။ အနမ်း နိုးလာပြီး အခန်းထဲကို ဝေ့ဝဲကြည့်မိတော့ ဘယ်သူမှ မရှိ။
ဟုတ်တယ်... ပါးပါးပြောတာ ဖြစ်နိုင်ပါသည်။ ညက သူက ရွာဦးကျောင်းမှာ ဆွမ်းကိစ္စနဲ့ အတော်လေးကို အလုပ်များနေမှာမို့... ဘုန်းကြီးကျောင်းမှာပဲ ရှိပြီး ပြန်မလာခဲ့ဘူး ထင်သည်။
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။