အပိုင်း (၈)

11.1K 498 22
                                    

{Unicode}

... နီးချင်ပါတယ်ဆိုတာကို
ဝေးအောင် လုပ်တာလောက်...
သောက်သည်းပေါက်တာ မရှိဘူး...

****

နောက်တစ်နေ့...

မနေ့က အချိန်တွေက သိပ်ပြီးတော့ မသိသာခဲ့... ဘာကြောင့်လဲဆိုတော့... သူ့ကို မတွေ့ရတာမို့လေ...။ ဒီရက်ပိုင်း သူဘယ်လိုရှိနေမလဲ မသိပေမယ့် ဖွယ်ကတော့ မတွေးတော့...

အတွေးဖြင့် ရှိနေတုန်း ရှိသေးသည်...အိမ်က ပါးပါးဆီက ဖုန်းလာတာမို့..

📱...

"Hello... ပါးပါး နေကောင်းလား? အရင်နေ့တွေတုန်းက ဖုန်းဆက်မရလို့... ဖွယ် စိတ်ပူနေတာ..."

"ဟုတ်တယ်... ဘာလို့လဲဆိုတော့ မင်း ကိုကိုရဲ့ လက်မှတ်ထိုးတဲ့ ကိစ္စရှိနေလို့လေ..."

"ဟင်... ကိုကိုက ဘာဖြစ်လို့လဲ? ဘယ်သူနဲ့ရန်ဖြစ်လို့လဲ?"

"အဲ့လိုမဟုတ်ပါဘူးကွယ်... အငယ်လေးကတော့ သားအကြီးနဲ့ပတ်သတ်ရင် ရန်ဖြစ်မှာပဲလို့ပဲ တွေးထားတာလားမသိ။ သားအကြီးက လက်ထပ်လိုက်တာ..."

"ဟင်... ဘယ်သူနဲ့လဲ? ကိုကိုက မြန်လိုက်တာ... ဖွယ့်ကိုလည်း အသိမပေးဘူး။ တကယ်ဆိုရင် ဖွယ့်ကို အသိပေးရင် ဖွယ်လည်း ပြန်လာမှာပေါ့။ မရဘူး ကိုကို့ကို စိတ်ဆိုးတယ်... ကိုကိုနဲ့ ဖုန်းပြောချင်တယ်။"

"ကိုကိုက အခု အလုပ်များနေတာ... သားငယ်လေးရဲ့..."

"မရဘူး... စိတ်ဆိုးလို့ ကိုကို့ကို ပြောချင်တာ... ကိုကို ရှိတယ်မလား? ဖုန်းလွှဲပေးလိုက်နော်..."

ခဏအကြာမှာတော့ ကိုကိုက ချက်ချင်းဆိုသလိုပင် ဖုန်းထဲက အသံထွက်လာလေပြီ။

"ကဲ... အငယ်လေး.. ကိုကို့ကို စိတ်ဆိုးနေတယ်ဆို ဘာကိုစိတ်ဆိုးနေတာလဲ?"

"စိတ်ဆိုးရမှာပေါ့... ကိုကိုမိန်းမယူတာ... ဖွယ့်ကိုလည်း မပြောဘူး..."

"ကိုကိုက... မိန်းမယူတာ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက်ကို လက်ထပ်ထားတာပါ။"

"ဟုတ်လား? ဘယ်သူလဲ? ဘယ်ကလဲ? သူက ချောလားဟင်?"

"ပိတ်ရက်ကျ ပြန်လာခဲ့လေ... အကြောင်းစုံကို ကိုကိုပြောပြမယ်။ အခုတော့ စိတ်မဆိုးနဲ့တော့..."

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now