အပိုင်း (၂၇)

6.9K 326 32
                                    

... အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး
နောင်ပြင်ရန် ခက်သည့် အမျိုး...။

****

နောက်တစ်နေ့...

သားနှစ်ယောက်လုံးက သူ့နေရာနဲ့သူ မရှိသည့် အချိန်မှာတော့ ပျိုးငယ်ရော အစ်ကိုပါ စိုးရိမ်နေပြီ ဖြစ်သည်။

မနေ့ညက တစ်နေ့ပဲ လွှတ်ပေးလိုက်မိတာက အခုတော့ ဒီလိုတွေ ဖြစ်သွားသည်။ ရွာထဲက တစ်ချို့သူတွေလည်း ခိုးရာနောက်ကို လိုက်သွားကြသူများလည်း ရှိတော့ အခြေအနေကတော့ အတော်လေးကို ပြောင်းလဲနေပြီ ဖြစ်သည်။

အစ်ကိုကတော့ သားအကြီးဆီရော... သားအငယ်ဆီရော ဖုန်းဆက်နေသည်။ အစ်ကို့ပုံစံ ကြည့်ရတာ အနည်းငယ် စိတ်တိုနေသည့် ပုံစံမို့ ပျိုးငယ်လည်း စောင့်သာ ကြည့်နေလိုက်မိတော့သည်။

ခဏအကြာမှာတော့ အစ်ကိုက ထင်သည့်အတိုင်းပင် လက်ထဲက ဖုန်းကို ခွဲဖို့ ပြင်လေတော့... ပျိုးငယ်လည်း အလျင်အမြန်ပင် သွားကာ... အစ်ကို့အနားသို့... ။

"အစ်ကို... စိတ်လျှော့ပါ။ အဲ့လိုမလုပ်နဲ့လေ... သားတွေက သူတို့လူနဲ့ လိုက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အချိန်တန်ရင် ပြန်လာပြီး ဆက်သွယ်နိုင်ပါတယ်နော်။ အဲ့ဒါကြောင့် စိတ်ကို လျှော့ပါနော်။"

အစ်ကို့လက်ကို ဆွဲကာ အစ်ကို့လက်ထဲမှ ဖုန်းကို ယူလိုက်မိသည်။ စိတ်အခြေအနေ အဆင်မပြေသည့် အစ်ကို့အနားသို့ တိုးကပ်သွားကာ... အစ်ကို့ပုခုံးကို မှီလိုက်ပြီး....

"ဒါတွေက အနှေးနဲ့ အမြန်တော့ ပျိုးငယ်တို့ ကြုံရမှာပဲလေ။ ဒါကြောင့် အစ်ကို့စိတ်ကို လျှော့ချလိုက်ပါနော်။ ကလေးတွေနဲ့ စိတ်ဆန္ဒကို တစ်ချက်ထည့်စဥ်းစားရအောင်။"

"........"

ထိုအချိန်အထိ အစ်ကို့ထံမှ ဘာစကားမှ မကြားရချိန်မှာတော့ အစ်ကို့လက်မောင်းကို မ ယူကာ အစ်ကို့လက်မောင်းကို ပျိုးငယ် ပုခုံးပေါ်သို့...

ထို့နောက် အစ်ကို့ ရင်ခွင်ထဲကို တိုးဝင်လိုက်ပြီး အစ်ကို့ရင်ဘတ်ပိုင်းမှာ မှေးခိုလိုက်မိသည်။

"ကလေးတွေကို တစ်ချက်ကြည့်ပြီး ပျိုးငယ်တို့ နားဝင်အောင် ပြောဖို့ ကြိုးစားရမယ် အစ်ကို။ ကလေးတွေက အဲ့ဒီလောက်လည်း ပြောရခက်တဲ့ အထဲမှာတော့ မပါ ပါဘူး အစ်ကိုရယ်။"

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now