အပိုင်း (၂၉)

6.4K 318 20
                                    

... ပစ္စပ္ပုန်မှာ မင်းနဲ့ရှင်သန်ချင်သလို
အနာဂတ်မှာလည်း မင်းနဲ့အတူတူ
အိပ်မက်တွေ မက်ချင်ပါတယ်။

****

ရက်အနည်းငယ် ကြာသော်...

နတ်တော်လ...

ဒီဘက်မှာတော့ စပါးရိတ်သိမ်းချိန်မို့ မိုးလင်းစောစောထွက် နေဝင် နောက်ကျမှ မောင်က ပြန်လာတတ်သည်။

ပါးပါးနှင့်ဖေကြီးကတော့ လယ်ဧကများတာကြောင့်မို့ တောထဲမှာ ကျန်ရှိနေသည့် စပါးအိတ်များနှင့်အတူ ကောက်ရိုးများကို စောင့်ကာ လယ်ဘက်မှာပဲ အိပ်ကြသည်။

မောင်ကတော့ အစောနကမှပင် တောထဲက စပါးအိတ်ကို သယ်ကာ... အိမ်ပြန်ရောက်သည်နှင့် စပါးအိတ်ကို ကျီထဲထည့်... နွားနှစ်ကောင်ကို လှည်းမှ ဖြုတ်ပြီး နွားစားကျွေးနေသည်။ ထို့နောက် ရေချိုးပြီး အိမ်ပေါ်မှာ အဝတ်အစား လဲနေသည် ထင်သည်။

မောင်တို့အိမ်က လယ်ယာများက အတော်လေးကို များပြားသည်နှင့် သီးနှံတစ်ခုအတွက် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်ပဲ ဖြစ်ဖြစ် အတော်လေးကို အလုပ်များတာပင် ဖြစ်သည်။

ကားနဲ့တစ်သွယ်... လှည်းနဲ့တစ်တန် စပါးများကို သယ်ပေမယ့် တစ်ရက်နဲ့တော့ မပြီးခဲ့...

အနမ်းက မီးဖိုခန်းထဲမှာ ထမင်းဝိုင်းကို ပြင်ဆင်ကာ မောင့်ကို စောင့်နေမိသည်။ မောင်က မနက်အစောကတည်းက အိမ်က ထွက်သွားပြီး... အလုပ်လုပ်နေတာ... တစ်နေကုန် ပင်ပန်းနေတာပင်...။ ဒါကြောင့် မောင့်ကို... ထမင်းအမြန်စားပြီး နားဖို့....

📱Ring... Ring...

ထိုအချိန်မှာပင် အိမ်အောက်က တစ်နေရာမှာ အားသွင်းခဲ့သည့် မောင့်ဖုန်းက မြည်လာသည်မို့ အနမ်းလည်း အလောတကြီး သွားကာ ထိုနေရာသို့...

ဖုန်းကောလ်ဝင်နေသည့် မောင့်ဖုန်းထဲက နံပါတ်ကို ကြည့်မိတော့...

ဖေကြီး

"ဟယ်လို... ဟုတ်ကဲ့ ဖေကြီး ရည်ရွယ်က အခု ရေချိုးပြီး အင်္ကျီလဲနေလို့... အနမ်းသွားပေး ပေးရမလားဗျ"

"ရတယ်... မနက်ကို စောစောလာခဲ့လို့ ပြောလိုက်ပါ။ ပြီးတော့ ကားကို ထပ်ငှားခဲ့လို့ ပြောလိုက်နော်။"

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now